ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၁၉


Sustainable Development Goals to Transform Peaceful and Prospe-rous Myanmar ခေါင်းစဉ်ဖြင့် ကျင်းပသည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် သုတေသနစင်တာ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ် သည် ပြည်ထောင်စုကြီးတွင် နေထိုင် ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမ ပြည်သူအားလုံး၏နှလုံးသား ဖြစ်သလို ပြည်ထောင်စုကြီးတွင် ရှိသည့် တက္ကသိုလ်အားလုံး၏မိခင်၊ ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် တန်ဖိုး ထားမြတ်နိုးကြပါကြောင်း၊ တက္ကသိုလ် ၏အသက်သွေးကြောသည် သုတေ သနဖြစ်သည့်အတွက် ရန်ကုန် တက္ကသိုလ်နှစ်တစ်ရာပြည့် ရာပြည့် သဘင်အထိမ်းအမှတ်အဖြစ် ယခု သုတေသနစာတမ်းဖတ်ပွဲကို Su-stainable Development Goals to Transform Peaceful and Pro-sperous Myanmar ခေါင်းစဉ်ဖြင့် ဦးစီးကျင်းပသည့် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာ ဇော်ဝေစိုး၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာ ဖိုးကောင်းနှင့် တာဝန်ရှိသူများ၊ စာတမ်းဖတ်ကြားသည့် ဆရာဆရာမ၊ ပညာရှင် ၇၆ ဦးတို့ကိုလည်း အထူး ဂုဏ်ပြုအပ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် Sustainable Development Report တွင် မြန်မာနိုင်ငံ၏ SD အညွှန်းကိန်း မှာ ၄၄ ဒသမ ၅ ဖြစ်၍ ၂၀၂၀ ပြည့်နှစ် တွင် SD အညွှန်းကိန်းမှာ ၆၄ ဒသမ ၆ ထိ တိုးတက်လာသည်ကို တွေ့ရ မည် ဖြစ်ပါကြောင်း၊ ယခု သုတေသန ညီလာခံကလည်း SD အညွှန်းကိန်း များနှင့် နိုင်ငံတကာတက္ကသိုလ် အဆင့် မြင့်မားလာစေရေးတို့ကို အထောက် အကူဖြစ်စေမည်ဟု ယုံကြည်ပါ ကြောင်း။
စာတမ်းများ ဖတ်ကြားဆွေးနွေး
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနေရသည့် ကာလဖြစ်၍ ယခု သုတေသနညီလာခံ ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် စီစဉ် ကျင်းပရခြင်းဖြစ်သောကြောင့် ဆရာ ဆရာမများအားလုံးတို့ကို ရှိရင်း အရင်းအမြစ်နှင့် တီထွင်ကြံဆဖြေရှင်း ဆောင်ရွက်တတ်အောင် သင်ကြား သင်ယူပေးသည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးတို့၏ ကျေးဇူး အင်မတန်ကြီးမားပါကြောင်း၊ ယခု သုတေသနညီလာခံတွင် သုတေသန စာတမ်းများ ဖတ်ကြားဆွေးနွေးခြင်း၊ အမြင်ချင်းဖလှယ်ကာ အကြံဉာဏ် ပေးခြင်း၊ စီးပွားရေးလုပ်ငန်း လူ့အဖွဲ့ အစည်းများကို ကူညီပံ့ပိုးရန် ကြိုးစား ဆောင်ရွက်ခြင်း၊ ကျောင်းသား ကျောင်းသူများအား စာတွေ့လက်တွေ့ လုပ်ငန်းခွင်နှင့် ချိတ်ဆက်ပေးရန် ကြိုးပမ်းဆောင်ရွက်ခြင်းတို့ကို အထူး ဂုဏ်ယူစွာ ချီးကျူးပါကြောင်း။
သဘာဝသယံဇာတ အရင်းအမြစ် များသည် limited resources ဖြစ်ပါ ကြောင်း၊ သင်ယူခြင်း Learning ကမူ infinite resources အနန္တ အရင်း အမြစ်များဖြစ်သလို infinite trea-sure အနန္တရတနာသိုက် ဖြစ်ပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ်ကြီး၏ အမှတ်တံဆိပ်တွင် ဖော်ပြထားသည့် “နတ္ထိ ဝိဇ္ဇာ၊ သမံ မိတ္တံ’’ ၏ ဆိုလိုရင်း မှာ “ပညာသင်ယူခြင်းနှင့်တူသော မိတ်ဆွေသည်မရှိ” ဟူသည့်အတိုင်း ပြည်ထောင်စုဖွားတိုင်းရင်းသားများ အားလုံး မိမိတို့၏ မိတ်ဆွေစစ် မိတ်ဆွေမှန်မှာ သင်ယူခြင်းဖြစ်၍ တစ်သက်တာလုံး သင်ယူကြစေလိုပါ ကြောင်း။
ဂုဏ်ဆောင်တက္ကသိုလ်ကြီးဖြစ်
ရန်ကုန် တက္ကသိုလ်ကြီးသည် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးတို့အတွက် အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာ သင်ယူနိုင်သည့် ဂုဏ်ဆောင်တက္ကသိုလ် ကြီးဖြစ်ပြီး ကမ္ဘာတည်သရွေ့ တည်တံ့ ပါစေရန် ဆုမွန်ကောင်းပို့သပါကြောင်း ပြောကြားသည်။
ယင်းနောက် သုတေသနစာတမ်း ဖတ်ပွဲနှင့် ဟောပြောပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခ ချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုးနှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း တို့က အဖွင့်အမှာစကား ပြောကြား သည်။
ထို့နောက် သုတေသနစာတမ်းရှင် များက သက်ဆိုင်ရာ ခေါင်းစဉ်များ အလိုက် စာတမ်းများကို ဖတ်ကြား ကြသည်။
အဆိုပါ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် သုတေသန ညီလာခံကို နိုဝင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ် ၄၂ ခုမှ ဆရာ ဆရာမ သုတေသန စာတမ်းပညာရှင် ၇၆ ဦးတို့က သုတေ သနစာတမ်း ၇၆ စောင်ကို ဖတ်ကြား ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်