
တိုက်စစ်ကစားသမား အင်ခီတီယာသည် အာဆင်နယ်အသင်း နှင့် ငါးနှစ်သက်တမ်းတိုးစာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ယခုလကုန်တွင် အသင်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သော အသက် ၂၃ နှစ်အရွယ် အဆိုပါ တိုက်စစ်ကစားသမားသည် ၂၀၁၇ ခုနှစ်တွင် အာဆင်နယ် ပထမအသင်း နှင့် ပွဲဦးထွက်ကစား ပြီးနောက် အသင်းအတွက် ၉၂ ပွဲ ပါဝင်ကစားထား ရာ ၂၃ ဂိုး သွင်းယူပေးထားနိုင်သည်။
၎င်းသည် ယမန်နှစ်က အာဆင်နယ်အသင်း နောက်ဆုံးကစားခဲ့ သည့် လိဂ်ရှစ်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိပြီး ခြေစွမ်းပြသထားနိုင်ကာ သွင်းဂိုး ငါးဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ သည်။ ၎င်းသည် လာမည့်ဘောလုံးရာသီတွင် အာဆင်နယ်အသင်း၌ နံပါတ် ၁၄ ဂျာစီကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။
အခြားသတင်းရင်းမြစ် တစ်ခုတွင် အာဆင်နယ်အသင်းသည် ပေါ်တိုကွင်းလယ်ကစားသမား ဖေဘီယိုဗီရဲရားကို ပေါင် ၃၄ ဒသမ ၂ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အာဆင်နယ်အသင်းသည် အဆိုပါ ကွင်းလယ်ကစား သမားကို ခေါ်ယူရာတွင် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၉ ဒသမ ၉ သန်းသာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်