(၃၈)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဒုတိယနေ့ ဆက်လက်ကျင်းပ


 

နေပြည်တော် နိုဝင်ဘာ ၂၀


(၃၈) ကြိမ်မြောက် အာဆီယံ စွမ်းအင် ဝန်ကြီးများ အစည်းအဝေး (38th ASEAN Ministers on Energy Meeting-AMEM)၏ ဆက်စပ်အစည်း အဝေး အစီအစဉ်များဖြစ်သည့် (၁၇) ကြိမ်မြောက် ASEAN+3 အစည်း အဝေး၊ (၄)ကြိမ်မြောက် ASEAN-IRENA အစည်းအဝေးနှင့် (၁၄) ကြိမ်မြောက် East Asia Summit Energy Ministers Meeting (EAS-EMM) အစည်းအဝေးများကို ယနေ့ နံနက် ၈ နာရီတွင် ဗီယက်နမ်နိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နေပြည်တော်မှ ပါဝင်တက်ရောက် သည်။
(၁၇) ကြိမ်မြောက် ASEAN+3 စွမ်းအင်ဝန်ကြီးများ အစည်းအဝေး သို့ အာဆီယံနိုင်ငံများနှင့် တရုတ်၊ ကိုရီးယား၊ ဂျပန်တို့မှ စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူး ချုပ်ရုံးနှင့် အာဆီယံစွမ်းအင်ဗဟိုဌာန မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် စွမ်းအင် ဖူလုံရေး (Energy Security)၊ ကာဗွန် ထုတ်လွှတ်မှုနည်းသည့် သန့်ရှင်း သောစွမ်းအင်နှင့် အခြားစွမ်းအင် အသစ်များ ပြောင်းလဲသုံးစွဲရေး၊ စွမ်းအင် အကျိုးရှိထိရောက်ရေးနှင့် ထိန်းသိမ်းရေး (Energy Efficiency and Conservation) တို့အတွက် ASEAN+3 နိုင်ငံများမှ နည်းပညာနှင့် Capacity Development Program များ ပံ့ပိုးကူညီပေးရေး၊ ကိုဗစ်ကပ် ရောဂါအလွန်ကာလတွင် စီးပွားရေး ပြန်လည် နာလန်ထူရန်အတွက် စွမ်းအင်ကဏ္ဍအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို လည်းကောင်း ဆွေးနွေးပြောကြားသည်။
(၄)ကြိမ်မြောက် ASEAN-IRENA အစည်းအဝေးသို့ အာဆီယံစွမ်းအင် ဝန်ကြီးများနှင့် International Renewable Energy Agency (IRENA)၏ Director General Mr. Francesco La Camera တို့ တက်ရောက်ကြပြီး ASEAN-IRENA (အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲ စွမ်းအင်အေဂျင်စီ)တို့ အကြား ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ ပူးပေါင်းဆောင်ရွက် လျက်ရှိသော ပြန်ပြည့်မြဲစွမ်းအင်နှင့် စွမ်းအင်အသစ်များ တိုးမြှင့်သုံးစွဲရေး အတွက် နည်းပညာနှင့် ငွေကြေးပံ့ပိုး ကူညီမှုဆိုင်ရာ ၂၀၁၉-၂၀၂၀ အတွင်း အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ဦးစားပေး လုပ်ငန်းအစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ (၁၄) ကြိမ်မြောက် EAS-EMM အစည်းအဝေးတွင် အာဆီယံနှင့် အရှေ့အာရှနိုင်ငံများ ဖြစ်သော တရုတ်၊ ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနိုင်ငံများမှ စွမ်းအင်ဝန်ကြီးများနှင့် ကိုယ်စား လှယ်များတက်ရောက်ကြပြီး အရှေ့ အာရှနိုင်ငံများအကြား စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး (Sustain-able Development) အတွက် လက်ရှိ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ ကမ္ဘာ့ ကပ်ရောဂါ၏ စီးပွားရေးသက်ရောက် မှုများကို စွမ်းအင်ကဏ္ဍမှ တုံ့ပြန် ကုစားဆောင်ရွက်နိုင်မည့် လက်တွေ့ ကျသော မူဝါဒများကို ချမှတ်ဆောင် ရွက်ရေး၊ အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ASEAN Plan of Action for Energy Cooperation - APAEC) Phase II (2021-2025)ပါ အစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ တည်ငြိမ်ပြည့်ဝ ပြီး သန့်ရှင်းသော စွမ်းအင်များ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရေးနှင့် ကာဗွန်ထုတ်လွှတ်မှုနည်းသော လူမှု အဖွဲ့အစည်း (Low Carbon Society) ထူထောင်နိုင်ရေးတို့အတွက် နည်း ပညာနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက် တွင် ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင် ဝန်ကြီးများအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေး များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အဆိုပါအစည်း အဝေးတွင် အာဆီယံဒေသတွင်း စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် ASEAN Plan of Action for Energy Cooperation Phase II (2021-2025) အား အတည်ပြုခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေး၊ စွမ်းအင်ခြိုးခြံချွေတာ ရေး၊ စွမ်းအင်အကျိုးရှိ ထိရောက် စွာသုံးစွဲရေး၊ သန့်ရှင်းသောကျောက်မီး သွေးကဏ္ဍ နည်းပညာဖွံ့ဖြိုးတိုးတက် ရေး (Clean Coal Technology)၊ မြို့ပြသုံး နျူကလီးယားစွမ်းအင် ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး၊ ကိုဗစ်ကာလအလွန် ဒေသတွင်း စီးပွားရေး ပြန်လည်ဦးမော့လာစေ ရေး၊ သန့်ရှင်းသောစွမ်းအင်ထုတ်လုပ် မှုများဆောင်ရွက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေးနှင့် Energy Security ကိစ္စများကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်