အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ UNODC Country Manager, Mr. Benedikt Hofmann အား လက်ခံတွေ့ဆုံ


 

နေပြည်တော် နိုဝင်ဘာ ၂၀


အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် သည် မြန်မာနိုင်ငံဆိုင်ရာ UNODC ၏ Country Manager အဖြစ် ခန့်အပ် ခြင်းခံရသည့် Mr. Benedikt Hof-mann အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံ ဆွေးနွေးရာတွင် ကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် စုံစမ်း စစ်ဆေးရေး လုပ်ငန်းများတွင် နည်းပညာအကူအညီ ပေးအပ်ရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
ဆွေးနွေးပွဲအပြီး၌ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မှုခင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Case Management System) တွင် အသုံးပြုမည့် ရုံးသုံး စက်ပစ္စည်းကိရိယာများကို UNODC မှ ကော်မရှင်သို့ လွှဲပြောင်းပေးအပ် သည်။
Case Management System တွင် အသုံးပြုမည့် goCASE Appli-cation ကို အသုံးပြုနိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် လုပ်ငန်းလမ်းညွှန် (Term of Reference –TOR) ရေးဆွဲ ခြင်း၊ စက်ပစ္စည်းတပ်ဆင်ခြင်း၊ Soft-ware ရေးဆွဲခြင်းများကို UNODC နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှုခင်း ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို မကြာမီ စတင်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်း ရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။ သတင်းစဉ်