ဥပဒေအကာအကွယ်အောက်တွင် အေးချမ်းစွာ ပြန်လည်နေထိုင်

 

လွန်ခဲ့သည့်      တစ်နှစ်ခန့်ကာလ   တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ဒီမိုကရေစီ  တည့်မတ် ထိန်းသိမ်းမှုကို ဆန့်ကျင်ကာ လမ်းပေါ်ထွက် ဆန္ဒပြမှုများမှသည် အဓိကရုဏ်းအဆင့်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင် မှုအဆင့်နှင့်   နောက်ဆုံးတွင်  လူစုလူဝေးဖြင့်   မီးရှို့ဖျက်ဆီးမှု၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊   လက်နက်ကိုင်အဖွဲ့အစညa်းများ ထူထောင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုသာမက အပြစ်မဲ့ပြည်သူ များကိုပါ လုပ်ကြံသတ်ဖြတ်မှုများအထိ နိုင်ငံတစ်ဝန်းရှိ မြို့ပြ ဒေသအချို့တို့တွင် ဖြစ်ပေါ်ခဲ့သမျှ အနိဋ္ဌာရုံများ၏ နောက်ကွယ် ၌ CRPH၊ NUG အကြမ်းဖက်အဖွဲ့တို့ရှိနေသည်။

 


မြို့ပေါ်တွင်    ဆန္ဒပြပွဲများ   တစ်ရက်ပြီးတစ်ရက်   နေ့စဉ် ရက်ဆက် လမ်းပေါ်ထွက်ကြချိန်၊ လမ်းများပေါ်တွင် ကွန်ကရစ် တုံးများ၊ သဲအိတ်များ၊ တာယာကွင်းများ၊ ဝါးကပ်များ ပိတ်ဆို့ ကာရံ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြချိန် ကတည်းကပင်      ရပ်ကွက်ကျေးရွာ      ပြည်သူလူထုအတွင်း နည်းမျိုးစုံနှင့်     သွေးထိုးလှုံ့ဆော်မှု၊    ဆွဲဆောင်စည်းရုံးမှုနှင့် ခြိမ်းခြောက်အကျပ်ကိုင်မှုများ   ရှိနေခဲ့ပြီးဖြစ်သည်။   တစ်အိမ် တစ်ယောက် လူဆင့်၊ ထမင်းထုပ်ဆင့်၊ ငွေကြေးဆင့်၊ လုပ်အား ဆင့် စသည့်ဆင့်ခေါ်မှုများတွင် ပါဝင်ခဲ့ကြသူများအနက် ဘယာ ကြောင့် ပါဝင်ခဲ့ကြရသူများလည်းရှိသည်။ လမ်းပေါ်ဆန္ဒပြမှုများ မှသည်   တောတွင်းဖောက်ခွဲရေးသင်တန်း၊   လက်နက်ကိုင် သင်တန်းနှင့် အကြမ်းဖက်သင်တန်းများဆီသို့ ရောက်ရှိသွားခဲ့ ကြသူ  လူငယ်များတွင်လည်း  အထက်ပါအတိုင်း  သွေးထိုး လှုံ့ဆော်မှုများနှင့် ဆွဲဆောင်စည်းရုံးမှုများကြောင့် လိုက်ပါသွား ခဲ့ကြသူများမှာ တောတွင်း ပကတိအခြေအနေများနှင့် ၎င်းတို့၏ အထင်နှင့်အမြင်တို့ ကွာခြားနေမှုတို့အပေါ် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြသည်။  ကိုယ်ကျိုးရှာ  နိုင်ငံရေးသမားတို့၏  ဝါဒဖြန့် စကားလုံးတို့မှာ  အဓိပ္ပာယ်ရော  အနှစ်သာရပါ  ဘာမျှမရှိဘဲ ၎င်းတို့၏ အလုံးစုံပျက်သုဉ်းရေး၊ နိုင်ငံပြိုကွဲပျက်စီးရေး အဖျက် လုပ်ငန်းများအတွက် မျိုးဆက်သစ် လူငယ်တို့ကို အသုံးချမှုသာ ဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ကြသည်။

 


ယခုအခါ   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တည်ရှိရာ နယ်မြေဒေသများတွင် ရောက်ရှိနေသူများနှင့် အကြမ်း ဖက်မှုများတွင်   ပါဝင်လိုခြင်းမရှိသဖြင့်  ပြည်တွင်း   ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူ  အချို့သော  CDM ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ   လူငယ်လူရွယ်များ   မြန်မာနိုင်ငံရှိ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လိုပါက ကြိုဆိုလက်ခံ နိုင်ရေးအတွက်  နိုင်ငံတော်အစိုးရက  နယ်စပ်ဒေသအသီးသီး တွင် ပြန်လည်ကြိုဆိုလက်ခံရေးစခန်းများကို ဖွင့်လှစ်ဆောင်ရွက် ပေးသွားတော့မည်ဖြစ်သည်။ ထို့အပြင် နီးစပ်ရာ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းများသို့လည်း ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်းနှင့် ယင်းသို့ သတင်းပို့ဆက်သွယ်သူများကို သတ်မှတ် စည်းကမ်းချက်နှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာ နေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားရာ အခွင့်အလမ်းကောင်းတစ်ရပ်ပေးအပ်လိုက် ခြင်းပင်ဖြစ်သည်။

 


လူငယ်များ၏   အနာဂတ်သည်     နိုင်ငံ၏အနာဂတ်ပင် ဖြစ်သည်။     နိုင်ငံအေးချမ်းသာယာရေး၊    ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လူငယ်လူရွယ်တို့၏ ကာယအား၊ ဉာဏအား ကို  အဓိကထားရသည်။ တစ်နည်းအားဖြင့်   နိုင်ငံကို ထုဆစ်ပုံ ဖော်ကြသည့်    လုပ်အားရှင်များမှာ    လူငယ်များပင်ဖြစ်သည့် အလျောက် မိမိတို့၏ ထက်မြက်တက်ကြွသည့် စွမ်းအားကို နိုင်ငံ အတွက် အပြုသဘောပါဝင်ပေးဆပ်နိုင်ကြပါစေကြောင်း။     ။