တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်   ၃၀


တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို    ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၈ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်း ယာဉ်ငယ်စစ်ဆေးရေးဂိတ် တွင်   တာဝန်ကျပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   လောက်ကိုင်မြို့မှ  လားရှိုးမြို့သို့ မောင်းနှင်လာသော   မော်တော်ယာဉ်  နှစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံ တစ်ရာ   တင်ပြနိုင်ခြင်းမရှိသည့်   KANGDA 125 အမျိုးအစား   ဆိုင်ကယ် လေးစီး   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၀၀၀၀၀)နှင့် အဆိုပါ   ဆိုင်ကယ်များ တင်ဆောင်လာသည့် Toyota Wish အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)နှင့်    Nissan AD Van အမျိုးအစား မော်တော်ယာဉ် တစ်စီး   (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၀၀၀၀၀) စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၈၀၀၀၀၀)ကို   ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 


၎င်းအပြင် ဇွန် ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့က    ဘုရားကြီးတိုးဂိတ်အနီး၌   မြဝတီမြို့မှ ရန်ကုန်မြို့သို့   ထွက်ခွာလာသော  ကုန်တင်ယာဉ် တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက် အထားတစ်စုံတစ်ရာ          တင်ပြနိုင်ခြင်းမရှိသည့် ကြွေပြားချပ် ၁၉၄၈ ချပ်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၁၈၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာ သည့် နောက်တွဲယာဉ်ပါ Chenglong အမျိုးအစား ၂၂ ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊  ဇွန် ၃၀ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ် များအတွင်း   တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ (၁၁ ဒသမ ၀၂၅၆)  တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၂၁၀၃၈၈)ကို သစ်တောဥပဒေအရ လည်းကောင်း  စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၀၂၈၃၈၈)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။ 

 


ထို့အတူ  ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင် သော   စစ်ဆေးရေးအဖွဲ့က   ဖျာပုံမြို့နယ်အတွင်း တရားမဝင် မျောသစ် ၄၁၅၀ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


အလားတူ  ဇွန် ၂၉ ရက်နှင့်   ၃၀ ရက်တို့တွင် မကွေးတိုင်းဒေသကြီး   တရားမဝင်    ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် အရှေ့ရိုးမကြိုးဝိုင်း အတွင်းနှင့် သရက်မြို့နယ်များအတွင်း တရားမဝင် သစ်မျိုစုံ ၂ ဒသမ ၃၂၀၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁၅၇၆)ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းအပြင် ဇွန် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတား ကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင် ယာဉ်နှစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက် အထား   တစ်စုံတစ်ရာ     တင်ပြနိုင်ခြင်းမရှိသည့် ကလေးစီးဘက်ထရီဆိုင်ကယ် အစီး ၃၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀)ကို လည်းကောင်း၊ စားသောက် ကုန်နှင့် လူသုံးကုန်ပစ္စည်းများ   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၈၀၀၀၀)  ကိုလည်းကောင်း  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၈၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


၎င်းအပြင်    ဇွန် ၃၀ ရက်တွင်  စစ်ကိုင်းတိုင်း ဒေသကြီး  တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏     စီမံခန့်ခွဲမှုဖြင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကန့်ဘလူမြို့နယ်အတွင်း Nissan AD Van အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀)  ကို ဖမ်းဆီးရမိခဲ့ပြီး     ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


 သို့ဖြစ်ပါ၍  ဇွန် ၂၈ ရက်၊ ၂၉ ရက်၊ ၃၀ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈  )မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၀၂၀၉၉၉၆၄ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။ 


သတင်းစဉ်