
နေပြည်တော် ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ ဇွန် ၂၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့် တွင် လက်လုပ်မိုင်းဖြင့် မိုင်းထောင် ဖောက်ခွဲရန် ကြိုးပမ်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မိုင်းထောင် ဖောက်ခွဲသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် (၈)ရပ်ကွက် ဗိုလ်ဗထူးလမ်း မြန်မာ့စီးပွားရေး ဘဏ်ရှေ့ရှိ စင်္ကြံလမ်း၌ ပေါက်ကွဲသံကြားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ မီးသွေးဆောင်၊ အခန်း(၂)၊ ဗထူး(၉) လမ်း၊ (၂)ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေသူ ထက်အောင်ကို (ခ)ကိုအောင် (၁၆)နှစ်(ဘ)ဦးတင်ဦး ကို တွေ့ရှိရကာ ၎င်း၏ ဘေးလွယ် အိတ်အတွင်းမှ လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်း စဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထက်အောင်ကိုအား မိုင်းစထိမှန် ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ ကြောင်းနှင့် လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် အဆောက် အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထု အထိတ်တလန့် ဖြစ်ပွားစေရန် ရည်ရွယ်၍ ယခု ကဲ့သို့ အသက်ငယ်ရွယ်သူများ ကို မက်လုံးပေးစေခိုင်း၍ မိုင်း ထောင် ဖောက်ခွဲစေခဲ့ခြင်းဖြစ် ကြောင်းနှင့် ပါဝင်ပတ်သက်သူ များကို ထိရောက်စွာ အရေးယူနိုင် ရေး လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်