
နေပြည်တော် ဇူလိုင် ၁
တပ်မတော်အနေဖြင့် တိုင်းရင်းသား ပြည်သူများအားလုံး လုံခြုံမှုပြည့်ဝစွာဖြင့် မိမိတို့၏လူမှုစီးပွားဘ၀အား လွတ်လပ်စွာ ဆောင်ရွက်နိုင်စေရေးအတွက် လုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ကရင် ပြည်နယ် မြဝတီမြို့နယ် ဝေါလေဒေသ အတွင်း ဥကရစ်ထစစ်ဆင်ရေးခြေကုတ် စခန်း၌ တာဝန်ထမ်းဆောင်နေသည့် မြန်မာ့တပ်မတော် စစ်ကြောင်းကို KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက သာလွန်အင်အား အများ အပြားအသုံးပြု၍ ဇွန် ၂၆ ရက်မှ စတင် ၍ အကြိမ်ကြိမ်လာရောက် တိုက်ခိုက်ခဲ့သည်။
သို့ရာတွင် ဥကရစ်ထစစ်ဆင်ရေး ခြေကုတ်စခန်းမှ အရာရှိ၊ စစ်သည်များ၏ မိမိအသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှု၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများမှ ထိရောက်စွာ ပစ်ကူပေးတိုက်ခိုက်မှုတို့ကြောင့် အကြမ်းဖက်သောင်းကျန်းသူများသည် စခန်းကိုသိမ်းပိုက်နိုင်မှုမရှိဘဲ ထိခိုက်ကျဆုံးမှု များပြားစွာဖြင့် အရှေ့ဘက်နှင့် အရှေ့ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ဥကရစ်ထကျေးရွာနှင့် အနီး တစ်ဝိုက် လူနေတဲများရှိ ဗုံးခိုကျင်းများ ကို အသုံးပြုခိုအောင်း၍ မိမိတပ်မတော် စစ်ကြောင်းများကို ဆက်လက်ပစ်ခတ် တိုက်ခိုက်လျက်ရှိသဖြင့် တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူ များဖြင့် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခြင်း၊ စစ်ကူစစ်ကြောင်းများကို လေကြောင်း မှတစ်ဆင့် ပို့ဆောင်၍ နယ်မြေလုံခြုံရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဥကရစ်ထ စစ်ဆင်ရေးခြေကုတ် ပတ်ဝန်းကျင် စစ် ဗျူဟာအရအရေးကြီးသည့် တောင်ကုန်းရှိ အကြမ်းဖက် သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်း၊ စစ်ကူစစ် ကြောင်းတစ်ကြောင်းတို့မှ ရဲဝံ့စွန့်စားစွာ ဖြင့် လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူကိုထိရောက်စွာ အသုံးပြုတိုက်ခိုက် ခဲ့ပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်။
တိုက်ပွဲဖြစ်စဉ်များအတွင်း မိမိ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများ ထိခိုက် ကျဆုံးမှုများပြားစွာဖြင့် ကစဉ့် ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ ပြီးနောက် မိမိတပ်မတော်စစ်ကြောင်းများ မှ ဥကရစ်ထစစ်ဆင်ရေးခြေကုတ်သို့ ပူးပေါင်းနိုင်ရေး သိမ်းပိုက်ရရှိသည့် ခြေကုတ်နေရာမှတစ်ဆင့် ဆက်လက် တိုက်ခိုက်လျက်ရှိသည်။
တပ်မတော်အနေဖြင့် အဆိုပါဒေသ အတွင်း KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ လုံးဝအခြေချ နေထိုင်မှုမရှိစေရေး၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်