ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDPs) များ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီရန် နည်းပညာဆိုင်ရာညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်ရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


 

နေပြည်တော် နိုဝင်ဘာ ၂၃


ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDPs)များ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရာတွင် UN Agency များ၏ ကဏ္ဍအလိုက် ညှိနှိုင်းမှုသေချာစေရေးအတွက် နည်းပညာဆိုင်ရာညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန် နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ရသူ (IDPs)များအတွက် ပြန်လည် နေရာချထားရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျဟာအရ ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ဘေးကင်းလုံခြုံရန်၊ ဂုဏ် သိက္ခာရှိရန်နှင့် မှီခိုမှုကင်းသော ဘ၀ များရရှိရန်တို့အတွက် ရည်ရွယ် ကြောင်း၊ ပြန်လည်နေရာချထားမည့် လုပ်ငန်းစဉ်များကို မဟာဗျူဟာတွင် စနစ်တကျထည့်သွင်း ရေးသားထားပြီး ဖြစ်ကြောင်း၊ ပြည်နယ်လုပ်ငန်း ကော်မတီက လုပ်ငန်းကဏ္ဍအလိုက် ဆပ်ကော်မတီကိုးခု ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်တွင် အစိုးရဌာနဆိုင်ရာ များ၊ ပြည်တွင်းလူမှုအဖွဲ့ အစည်းများ၊ ပြည်သူများသာမက ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း။
ကချင်ပြည်နယ်အတွင်းရှိ ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များ တွင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး၊ ကျန်းမာ ရေး၊ ပညာရေးနှင့် အသက်မွေး၀မ်း ကျောင်းဆိုင်ရာလုပ်ငန်းများ ဖော် ဆောင်ရေး၊ လူမှုပေါင်းစည်းရေး၊ အခြေခံအဆောက်အဦဆိုင်ရာ စီမံ ခန့်ခွဲရေး၊ သတင်းနှင့်ပြန်ကြားရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာသွားလာခွင့် မြှင့်တင် ပေးရေး၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်း စဉ် အထောက်အကူပြုရေးစသည့် ကဏ္ဍအသီးသီးတွင် မဟာဗျူဟာပါ ဖြေရှင်းဆောင်ရွက်မှု နည်းလမ်းများ ကို တည်ဆဲဥပဒေများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ အစည်းအဝေးများတွင် လက်မှတ် ရေထိုးခဲ့သော ပြည်ထောင်စုသဘော တူစာချုပ်၊ လူမှုရေးကဏ္ဍ အခြေခံမူ သဘောတူညီချက်တို့နှင့်အညီ ဆောင် ရွက်အကောင်အထည်ဖော်နိုင်ရန်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ ရှေ့ဆက် သွားမည့် နိုင်ငံရေးလမ်းစဉ်တွင် တိုင်းရင်းသားများအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက် မည်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးရာ မူဝါဒတွင်လည်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ရင်းနှီးခင်မင်စွာ ဆက်ဆံသွားမည်ဖြစ်ကြောင်း။
ကချင်ပြည်နယ် နေရပ်ပြန် လုပ်ငန်းများတွင် UN Core Group ဝင်များဖြစ်ကြသော ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံး (UNRCO)၊ ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးမှူးရုံး (UNOCHA)၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့ (FAO)၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)၊ ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း(IOM)၊ ကုလသမဂ္ဂမြို့ပြအခြေချနေထိုင်မှုအစီအစဉ် (UN Habitat)၊ ကုလသမဂ္ဂအမျိုးသမီးများ အဖွဲ့ (UN Women)နှင့် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP)တို့က ကဏ္ဍ အလိုက် နည်းပညာနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ပေးသွားကြ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရက ဦးဆောင်သည့် နည်းပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန် ကို ရေးဆွဲရခြင်းဖြစ်ကြောင်း၊ နိုင်ငံ တကာက အသိအမှတ်ပြုထားပြီး အစိုးရက အတည်ပြုထုတ်ပြန်ထား သည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာပါ အချက်များနှင့် ကိုက်ညီအောင်လည်း ရေးဆွဲရန်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယ၀န်ကြီး၊ အမြဲတမ်းအတွင်း၀န်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် သက်ဆိုင်ရာ ညွှန်ကြား ရေးမှူးများက ကဏ္ဍအလိုက် ဆွေးနွေး အကြံပြုခဲ့ကြသည်။ ထိုနည်းပညာ ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်း လမ်းညွှန်သည် အစိုးရကို နည်းပညာ ပေါင်းစပ်ညှိနှိုင်းရေးအတွက် ထိရောက် စွာ အထောက်အကူဖြစ်စေမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်