ဥကရစ်ထစခန်း ရန်သူ့လက်သို့ဆုံးရှုံးမှုမရှိအောင် စွမ်းစွမ်းတမံဖြင့် ခုခံကာကွယ်နိုင်ခဲ့သည့် တပ်မတော်သားများအား MWD က မှတ်တမ်းတင်ဂုဏ်ပြု

 

နေပြည်တော်     ဇူလိုင်     ၂ 


တရားမဝင်မီဒီယာများအနေဖြင့်  လူမှုကွန်ရက်စာမျက်နှာများနှင့်  Online ပေါ်တွင် ဥကရစ်ထစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများနှင့် KNLA ပူးပေါင်းအဖွဲ့ လက်အောက်သို့ကျရောက်သွားကြောင်း၊ အရာရှိ၊ စစ်သည်များစွာကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံရကြောင်း သတင်းမှားများ အမျိုးမျိုး ထုတ်လွှင့်ဖော်ပြ၍ ဝါဒဖြန့်မှုများဆောင်ရွက်ခဲ့သည်။ 

 


ရန်သူမှ      သာလွန်အင်အား အလုံးအရင်းဖြင့်       တိုက်ခိုက်ခဲ့ သော်လည်း  ဥကရစ်ထ  စခန်းရှိ တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံ  မဆုတ်မနစ်       ကြံ့ကြံ့ခိုင်သော လှေခွက်ချည်းကျန်   အလံမလှဲ စိတ်ဓာတ်တို့ဖြင့်      KNLA    နှင့် ပြည်ပအားကိုးသည့် အကြမ်းဖက် သမားများ၊ PDF အမည်ခံအကြမ်း ဖက်သမားများ ပူးပေါင်းအဖွဲ့တို့၏ ဇွန် ၂၆ ရက်မှ ဇွန် ၃၀ ရက်အထိ  အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက် မှုအပေါ်            မြေပြင်ပစ်ကူနှင့် လေကြောင်းပစ်ကူ  ထိထိရောက် ရောက်ရယူကာ    အောင်မြင်စွာ  ခုခံတွန်းလှန်နိုင်ခဲ့ပြီး ယနေ့ညနေ ပိုင်းတွင်လည်း       ရာသီဥတုနှင့်  အခြားသော           မြေအနေအထား ကန့်သတ်ချက်ရှိသည့် အကြားမှ စခန်းအရောက်   စစ်ကူ၊    ပစ်ကူ လာရန်            ချီတက်ကြသည့် စစ်ကြောင်းများနှင့် တပ်ချင်းဆက် ၍ ပူးပေါင်းမိကာ ဥကရစ်ထစခန်း နှင့် ပတ်ဝန်းကျင်တစ်ဝိုက် လုံခြုံ ရေး    လုပ်ငန်းများ    ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 


ဥကရစ်ထနယ်မြေ      ထိတွေ့ တိုက်ပွဲဖြစ်စဉ်များ တစ်လျှောက် ပြည်ပလက်ဝေခံ   KNLA   အုပ်စု အချို့နှင့် အကြမ်းဖက်အုပ်စုတို့၏   သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများ  ကိုလည်း တရားမဝင်မီဒီယာများ တွင်  သနားစဖွယ်နှင့်   အလှူငွေ များ     ပိုမိုရရှိ   ကောက်ခံနိုင်ရေး  နေ့စဉ်         ဖော်ပြမှုများကိုလည်း တွေ့ရှိနိုင်မည်ဖြစ်သည်။

 


ဥကရစ်ထစခန်း            ရန်သူ့ လက်သို့ ဆုံးရှုံးမှုမရှိအောင် ရွပ်ရွပ် ချွံချွံ   လှေခွက်ချည်းကျန်  အလံ မလှဲသည့် စိတ်ဓာတ်ဖြင့် စွမ်းစွမ်း တမံ       ခုခံတိုက်ခိုက်ခဲ့သော တပ်မတော်သားများ၊    မြေပြင် ပစ်ကူအပါအဝင်       လေကြောင်း ပစ်ကူ အဆက်မပြတ်ပေးခဲ့သော  တပ်မတော်သားများနှင့် ရဲဘော်၊ ရဲဘက်စိတ်ဖြင့် တပ်ချင်းဆက်၍ အချိန်မီ စစ်ကူသွားရောက်နိုင်ခဲ့ သော      တပ်မတော်သားများ၏ စခန်းအတွင်းရှိ    ပြည်ထောင်စု သမ္မတ     မြန်မာနိုင်ငံတော်အလံ  ပြိုလဲမှုမရှိအောင်၊  ပျက်စီးဆုံးရှုံး မှုမရှိစေရေး             ရဲသော်မသေ၊ သေသော်ငရဲမလား မြင့်မြတ်သည့် စိတ်ဓာတ်ဖြင့် ထိန်းသိမ်းကာကွယ်  ဆောင်ရွက်နိုင်ခဲ့မှုအတွက် မြဝတီ ရုပ်မြင်သံကြား အဖွဲ့သူ၊ အဖွဲ့သား များက       လှိုက်လှိုက်လှဲလှဲဖြင့် ဂုဏ်ပြု        မှတ်တမ်းတင်ထိုက်ကြောင်း သိရသည်။  

သတင်းစဉ်