Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း


 

နေပြည်တော် နိုဝင်ဘာ ၂၃


Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီအတွင်းရေးမှူး(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ခံရယူသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လှူဒါန်းရသည့် အကြောင်းနှင့်စပ်လျဉ်း၍ ထိုင်းအခြေ စိုက် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းတစ်ခုဖြစ်သော PTTEP ကုမ္ပဏီမှ လူမှုတာဝန်သိစိတ် (Cor-porate Social Responsibility (CSR)) ဖြင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များအတွက် အမေရိကန်ဒေါ်လာ တစ်သိန်း လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် နေသည့်ကုမ္ပဏီများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များအတွက် ယနေ့အထိ လှူဒါန်းငွေ နှင့် လှူဒါန်းပစ္စည်းတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ကိုးသိန်းခန့်ရှိပြီ ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပြည်သူများအား မီတာခများလျှော့ပေါ့ ကောက်ခံခြင်းနှင့် ကိုဗစ်-၁၉ လူနာ များကို ကုသမှုပေးနေသော ပြည်သူ့ ဆေးရုံများနှင့် ကုသရေးဌာနများ၌ လျှပ်စစ်မီး မပြတ်တောက်စေရေး တို့ကို အလေးထားဆောင်ရွက်ခဲ့ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ စွမ်းစွမ်းတမံ ဆောင်ရွက် နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံးကို မှတ်တမ်း တင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် DKSH Myanmar Ltd မှ တာဝန်ရှိသူတစ်ဦးက မိမိတို့အနေ ဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းမှ ဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုသည့်အနေ ဖြင့် ကျပ်သိန်း ၁၄၀၀ ကျော် တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ပါဝင်လှူဒါန်း ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် Ayar- MED Myan-mar Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက မိမိတို့ Ayar- MED Myanmar Co.,Ltd အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများ လှူဒါန်းမှုများကို ပြုလုပ်လျက်ရှိပြီး ယခု Remdesivir 100 mg ထိုးဆေး ပုလင်း ၄၈၀ ကို လှူဒါန်းခြင်းဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကား ပြော ကြားရာ ယခုကဲ့သို့ လှူဒါန်းမှုများသည် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် များစွာအကျိုးရှိမည်ဖြစ်ပြီး ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် လက်ရှိတွင် တိုင်းဒေသ ကြီး/ ပြည်နယ်အားလုံး၌ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှ သာ မိမိတို့နိုင်ငံတွင် စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံး ပြန်လည်လုပ်ကိုင်လာနိုင်မည် ဖြစ်ပါ ကြောင်း၊ ထိုသို့ ရောဂါကူးစက်ပြန့်ပွား မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် အတွက် ပြည်သူများ၏ တာဝန်သိစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများသည် အရေးကြီးပါကြောင်း ပြောကြား သည်။
ယင်းနောက် PTTEP Interna-tional (Yangon) Brach and An-daman Transportation Ltd မှ အမေရိကန်ဒေါ်လာ တစ်သိန်းအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးထံသို့ လွှဲပြောင်းပေးအပ် ပြီး(အပေါ်ပုံ) ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ် သည်။
ထို့နောက် Ayar-MED Myanmar Co.,Ltd က Remdesivir 100 mg Injection ၄၈၀ ပုလင်းလှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ခံကာ မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ် သည်။
ယင်းနောက် DKSH Myan-mar Ltd က စုစုပေါင်းကျပ်ငွေ ၁၄၀၂၉၆၀၀၀ တန်ဖိုးရှိ Portable X-Ray စက်များအပါအဝင် ဆေးရုံသုံး ပစ္စည်းများကို လှူဒါန်းခဲ့ရာ ဆေး သုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်း ထွန်းက လက်ခံပြီး မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်