
နေပြည်တော် ဇူလိုင် ၂
မြိတ်မြို့နယ်နှင့် မူဆယ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငဲရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မြိတ်မြို့ မြိတ်တောင် ရပ်ကွက် BOC လမ်းတွင် မင်းထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် မြိတ်မြို့ အလယ် ကျွန်းရပ်ကွက်နေ စိတ်ကြွရူးသွပ် ဆေးပြားများ အရောင်းအဝယ် ပြုလုပ်သူ ဇော်ဝင်း ကို ဖမ်းဆီးရမိ ခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့ နယ် ကလွင်ကျေးရွာနေ ဝင်းနိုင် လင်း ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီခွဲ တွင် မြိတ်မြို့ ကန်ကြီးရပ်ကွက်နေ စိုးကိုကို (ခ) ခေါင်းကြီး ၏ နေအိမ် ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၄၀၀၊ ဆေး ခြောက် သုည ဒသမ ၁ ကီလိုနှင့် ဝါးပြောင်းဆေးရှူ ကိရိယာ တစ်ခုတို့ကို လည်းကောင်း၊ ထို့အတူ ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မူဆယ်မြို့ ကောင်း မူးတုံရပ်ကွက် မြို့ပတ်လမ်းတွင် ခွန်အောင် (ခ) မာအောင် မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၆,၀၀၀ ကို လည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
သတင်းစဉ်