
နေပြည်တော် ဇူလိုင် ၃
ဥကရစ်ထစခန်းအား KNLA အဖွဲ့ နှင့် PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့က အင်အားအလုံး အရင်းအသုံးပြု၍ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း အဆိုပါ စခန်းမှ တပ်မတော်သားများအနေ ဖြင့် မြေပြင်ပစ်ကူနှင့် လေကြောင်း ပစ်ကူများရယူ၍ ရွပ်ရွပ်ချွံချွံ မဆုတ်မနစ် ကြံ့ကြံ့ခိုင်သော စိတ်ဓာတ်ဖြင့် အသက်ကို ပဓာန မထားဘဲ ခုခံတိုက်ခိုက်ခဲ့မှု၊ စစ်ကူ စစ်ကြောင်းများအနေဖြင့်လည်း ရာသီဥတုနှင့် အခြားသော မြေ အနေအထား ကန့်သတ်ချက်များ ကြားမှ ဥကရစ်ထစခန်းရှိ တပ်မတော်သားများနှင့် တပ်ချင်း ချိတ်ဆက်ပူးပေါင်းကာ ဥကရစ်ထ စခန်းနှင့် ပတ်ဝန်းကျင်တစ်ဝိုက် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုကို ဇူလိုင် ၂ ရက်တွင် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုသို့ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေး ဆောင် ရွက်ခဲ့ရာတွင် အချိန်အခက်အခဲ ကြောင့် မှတ်တမ်းဓာတ်ပုံများ၊ အထောက်အထားများ ပြည့်စုံစွာ ဖော်ပြနိုင် ခြင်းမရှိခဲ့သဖြင့် အဆိုပါ စစ်ကူ၊ စစ်ကြောင်းများနှင့် ဥကရစ်ထစခန်းမှ တပ်မတော် သားများ တပ်ချင်းချိတ်ဆက် ပူးပေါင်းနိုင်မှု မှတ်တမ်းဓာတ်ပုံ များကို ထပ်မံဖော်ပြပါသည်။
ထို့ပြင် ဥကရစ်ထစခန်း အနီးပတ်ဝန်းကျင်တစ်ဝိုက်အား နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင်လည်း KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့အနေဖြင့် ဥကရစ်ထ စခန်းကို လာရောက်တိုက်ခိုက်ခဲ့ စဉ် စေတီပုထိုးများ၊ ဘာသာရေး အဆောက်အဦများနှင့် လူနေ အဆောက်အဦများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့သည့် နေရာများကိုလည်း တွေ့ရှိရသည်။
တပ်မတော်စစ်ကြောင်းများ အနေဖြင့် ဥကရစ်ထနယ်မြေ အတွင်း အကြမ်းဖက်သမားများ ခိုအောင်းအခြေချနေထိုင်မှု မရှိစေ ရေးအတွက် လိုအပ်သည့် လုံခြုံ ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်