အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာအသင်း ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိ

 

ရန်ကုန်    ဇူလိုင်   ၃


၂၀၂၂အာဆီယံ အမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲ    ယှဉ်ပြိုင်ရန်အတွက်     မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည်   ဖိလစ်ပိုင်နိုင်ငံသို့    ရောက်ရှိနေပြီ ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်   အမျိုး သမီးအသင်းသည် ပြိုင်ပွဲဝင်ရန် ဇူလိုင် ၂ ရက်နံနက်ပိုင်းက ရန်ကုန် မြို့မှ ထွက်ခွာခဲ့ပြီး  ယင်းနေ့ညပိုင်း တွင်  မနီလာမြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။     အာဆီယံ   အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ    ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းတွင်   အုပ်ချုပ်/နည်းပြ အဖွဲ့ဝင်   ၁၁  ဦး၊       ကစားသမား ၂၇ ဦး လိုက်ပါသွားသည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း တွင် အုပ်ချုပ်သူ-ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-    ဒေါ်သက်သက် ဝင်း၊ လက်ထောက်နည်းပြများ- ဒေါ်စန်းစန်းမော်၊  ဒေါ်အေးနန္ဒာ လှိုင်၊  ဒေါ်နုနုခိုင်ဝင်း၊   ဂိုးနည်းပြ- ဦးယဉ်မင်းအောင်၊ ကစားသမား များအဖြစ် ဂိုးသမား- မေဇင်နွယ်၊ ဇူးလတ်နဒီ၊     မျိုးမြမြငြိမ်း၊ နောက်တန်း-  ဖြူဖြူဝင်း၊ ချစ်ချစ်၊  ခင်သန်းဝေ၊      နန့်ဇူးဇူးထက်၊ အေးအေးမိုး၊ မေဖူးကို၊ ခင်မျိုးဝင်း၊ မိုးမမစိုး၊ ခိုင်သဇင်၊ ဇွန်ယုယဦး၊ အလယ်တန်း  -     ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊    ပုံ့ပုံ့ပြည့်မောင်၊   ဝင်းဝင်း၊နှင်းပွင့်အေး၊ လင်းမြင့်မိုရ်၊      ဝေဖူးအိမ်၊  နော်ထက်ထက်ဝေ၊ ယဉ်လွန်းအိမ်၊ ခင်မိုးဝေ၊ရှေ့တန်း- ဝင်းသိင်္ဂီထွန်း၊    ဂျူလိုင်ကျော်၊ မြတ်နိုးခင်နှင့်      စန်းသော်သော် တို့     ပါဝင်ကြသည်။    မြန်မာ့ လက်ရွေးစင်  အမျိုးသမီးအသင်း သည် ဇူလိုင် ၃ ရက် ညပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ၌ စတင်လေ့ကျင့်လျက်ရှိသည်။

 


ယင်းပြိုင်ပွဲကို  ဇူလိုင် ၄ ရက် (ယနေ့)  စတင်ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် ထိုင်း၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊       အင်ဒိုနီးရှား၊ မလေးရှား၊  စင်ကာပူ၊  အုပ်စု (ခ) ဗီယက်နမ်၊    မြန်မာ၊    တီမော၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်း တို့ ပါဝင်နေသည်။

 

မြန်မာအသင်း သည်     အုပ်စုပထမပွဲအဖြစ်     ဇူလိုင် ၅ ရက်တွင် တီမောအသင်း နှင့် စတင်ကစားရမည်ဖြစ်သည်။

ရဲရင့်လွင်၊  ဓာတ်ပုံ-သော်လေး