အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဇူလိုင်   ၆


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်    ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးကို    ပျက်ပြားစေရန်နှင့်     ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရား များ ပျက်ပြားစေရန်  ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့်     နည်းမျိုးစုံဖြင့်    ပြုလုပ်လျက် ရှိသည်။

 


ပြည်သူများအနေဖြင့်  ယင်းတို့၏  လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ်    မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ  လိုက်ပါလုပ်ဆောင်ခြင်း၊ အသံ ဖြင့်ဖြစ်စေ၊   ပြုလုပ်မှုဖြင့်ဖြစ်စေ၊   တစ်နည်းနည်း ဖြင့်ဖြစ်စေ  အများပြည်သူ   အနှောင့်အယှက်ဖြစ်စေ မည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင်   ပြစ်မှုနှင့်  သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊   မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို   အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရ ပါက  နိုင်ငံတော်ဘဏ္ဍာအဖြစ်  သိမ်းဆည်းခံရနိုင် ကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့   အသိပေးသတင်း    ထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း  ချင်းပြည်နယ်  ပလက်ဝမြို့နယ် အဘောင်သားအောက်ကျေးရွာနေ ချစ်စံသည် ၎င်း အသုံးပြုသည့် “Chit San” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းကြီး ကုန်းကျေးရွာနေ အိဇာသည် ၎င်းအသုံးပြုသည့် “Ei Zar” Facebook အကောင့်နှင့် ပဲခူးတိုင်းဒေသကြီးကြို့ပင်ကောက်မြို့  အနောက်မြောက်ရပ်ကွက်နေ ဒေါ်ထိုက်ထိုက်သည်   ၎င်းအသုံးပြုသည့်   “Htike Htike” Facebook  အကောင့်တို့သည်   အသိပေး သတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံ တော်    တည်ငြိမ်အေးချမ်းရေးကို    ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူ လုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း     အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့   CRPH ၊   NUG   နှင့်  ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊    ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့်   အစိုးရယန္တရားများ   ပျက်ပြားစေရန် ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများ အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများကို ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်