
နေပြည်တော် ဇူလိုင် ၆
NUG အမည်ခံအကြမ်းဖက်အဖွဲ့ နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများ သည် အနာဂတ်ရင်သွေးငယ်များ ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ် လာစေရန်နှင့် ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၅ ရက် ည ၉ နာရီတွင် ပဲခူး တိုင်းဒေသကြီး ရွှေကျင်မြို့နယ်
ဆိပ်ကလေးကျေးရွာ၌ ဖွင့်လှစ်ထားပြီး ကျောင်းသူ ကျောင်းသား ၆၃၀ ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျေးရွာနေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရပြီး ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားကာ မီးလောင်မှုကြောင့် စာသင်ကျောင်း ဝင်းအတွင်းရှိ ဆရာ၊ဆရာမများ နားနေဆောင် ပေ ၂၀ ပတ်လည် နှစ်ခန်းတွဲမှ အခန်းတစ်ခန်းနှင့် စာကြည့်တိုက်အခန်းအတွင်းရှိ သုံးထပ်သားပြား နှစ်ချပ်၊ စားပွဲခုံ တစ်လုံး၊ စာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်