ဖီယင်နုဗဟိုခံစစ်ကစားသမား မာလာစီယာကို မန်ယူ ခေါ်ယူ

 

မန်ယူအသင်းသည်      ဖီယင်နု အသင်းမှ ဗဟိုခံစစ်ကစားသမား မာလာစီယာကို တစ်နှစ်သက်တမ်း တိုးခွင့်အပါအဝင် လေးနှစ်စာချုပ် ဖြင့််  ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သတင်းများတွင်     ဖော်ပြထား သည်။    မန်ယူအသင်းသည် အသက် ၂၂ နှစ်အရွယ် နယ်သာ လန်  ကစားသမားအတွက်  အပို ဆုကြေးပါ ထည့်ပေါင်းပါက ပေါင် ၁၃ သန်း ကုန်ကျဖွယ်ရှိ‌ကြောင်း သိရသည်။ 

 


ဖီယင်နုအသင်းအတွက် ၁၃၆ ပွဲ ပါဝင်ကစား ထားသော မာလာစီယာသည် အိုင်းယက်စ်အသင်းမှ မန်ယူအသင်းသို့    ပြောင်းရွှေ့ရောက်ရှိလာသော နည်းပြတန်ဟတ်၏ ပထမဆုံးခေါ်ယူသည့်  ကစား သမားဖြစ်လာခဲ့သည်။ ထို့ကြောင့် မာလာစီယာသည် ရာသီအကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ထိုင်း နှင့် ဩစတြေးလျနိုင်ငံတို့သို့  ထွက်ခွာမည့် မန်ယူ အသင်း၏ ကစားသမားစာရင်းတွင် ပါဝင်လာဖွယ်ရှိ သည်။ 

 


ထို့အပြင် မန်ယူအသင်းသည် ဒိန်းမတ်ကစား သမား အဲရစ်ဆင်ကို ခေါ်ယူရန် သဘောတူညီမှုရရှိပြီ ဖြစ်ပြီး မကြာမီ တရားဝင်ထုတ်ပြန်ကြေညာသွားဖွယ် ရှိကြောင်း သိရသည်။ အခြားသတင်းတစ်ရပ်တွင် မန်ယူအသင်းမှ  ကွင်းလယ်ကစားသမား  တစ်ဦး ဖြစ်သူ  ပါရဲရားသည်   တန်းတက်ဖူလ်ဟမ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း သိရသည်။                                                                                                      
အောင်ဇော်