အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ် ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   ဇူလိုင်   ၆


အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်း စေပြီး   ငွေကြေးအကျိုးအမြတ်   ရယူခဲ့သူအား  လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ   ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်နေ  မဝေဝေလွင်  (ခ) အကြီးမက   တစ်မြို့နယ်တည်းနေ မ ---  (၃၉ နှစ်)အား တရုတ်နိုင်ငံရှိ စားသောက်ဆိုင်တွင် ပန်းကန် ဆေးသည့် aအလုပ်လုပ်ကိုင်ပါက တစ်ရက် ယွမ် ၅၀ ရမည်ဟု ပြောဆိုစည်းရုံး၍  တရုတ်နိုင်ငံ  ရွှေလီမြို့ရှိ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး   ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ) ၁၄၃/၂၀၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ မဝေဝေလွင် (ခ) အကြီးမအား  ဇွန်  ၃၀  ရက်တွင်  လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။        

 သတင်းစဉ်