ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ် တစ်လက် ဖမ်းဆီးရမိ

 

နေပြည်တော်    ဇူလိုင်     ၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)     ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် ငွေကျပ် သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ် တစ်လက် ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်  ၃  ရက် နံနက် ၈ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၃) ရပ်ကွက်ရှိ ဟိုတယ်အနီးတွင် စိုင်းဆိုင်ရွက်ဖူး မောင်းနှင်ပြီး စိုင်းဝင်းရှဲန် လိုက်ပါလာသည့် CROWN မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်း၊ ပစ္စတိုသေနတ်  တစ်လက်၊ ၎င်းကျည် ငါးတောင့်တို့ကို သိမ်းဆည်း ရမိခဲ့သည်။

 


 စစ်ဆေးဖော်ထုတ်ချက်အရ  နံနက် ၉ နာရီခွဲ တွင်   စိတ်ကြွရူးသွပ်ဆေးပြားများ   သယ်ဆောင် ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စိုင်းခမ်းထောင်းကို အဆိုပါနေရာအနီးတွင်   Crown  မော်တော်ယာဉ်  တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ  မွန်းလွဲ ၁ နာရီတွင် တာချီလိတ်မြို့နယ် မယ်ယန်းကျေးရွာနေ စိုင်းနောင့် ၏နေအိမ်အားရှာဖွေရာ  စိုင်းနောင့်မှာ  တိမ်းရှောင် လျက်ရှိပြီး စိုင်းဆိုင်ဝမ်းလျန်းနှင့် စိုင်းဟန်ခေးစက် တို့ နှစ်ဦးကို အိုက်စ် (မက်သ်အဖက်တမင်း) ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀ ၊ Ecstasy-အက်တက်စီ (ခေါင်းခါဆေး) ၁၇၀ ၊  အမှုန့် ၈၀ ဂရမ်၊ Ketamine-ကက်တမင်းအမှုန့် ၃၀ ဂရမ်၊ Happy Water (စိတ် ပြောင်းဆေးဝါးများ ရောစပ်ထားသောအမှုန့်) ၁၂၀ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသ ကာလတန်ဖိုးငွေကျပ်သိန်း  ၂၈၀၀  ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား   ၅ ဒသမ ၁၅ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၆ ကီလို၊ Ecstasy-အက်တက်စီ (ခေါင်းခါဆေး) ၁၇၀၊ အမှုန့် ၈၀ ဂရမ်၊ Ketamine-ကက်တမင်းအမှုန့် ၃၀ ဂရမ်၊ Happy Water(စိတ်ပြောင်း ဆေးဝါးများ ရောစပ်ထားသောအမှုန့်) ၁၂၀ ဂရမ်၊ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်  ငါးတောင့်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့်     ၎င်းတို့ကို   ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။    

                                 
 သတင်းစဉ်