
နေပြည်တော် ဇူလိုင် ၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၄ ရက်က အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန် မြို့သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည် ထက် ပိုမိုတင်ဆောင်လာသော မော်တော်ယာဉ်အပို ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၁၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲ ယာဉ်ပါ Man အမျိုးအစား ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇၁၅၀၀၀၀ ကို သိမ်းဆည်း ရမိခဲ့ပြီး အကာက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇူလိုင် ၆ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက် အတ္တရံ တံတား (စက်မဇုန်ဘက်ခြမ်း)၌ ဘားအံမြို့မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်များကို စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ မော်တော်ယာဉ်သုံးစီးပေါ်၌ တရားဝင်စာရွက် စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် အကောက်ခွန်မဲ့ သစ်သီးမျိုးစုံနှင့် စားသောက်ကုန်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၆၇၉၀၀)ကို လည်းကောင်း၊ ထိန်းချုပ်ဓာတုပစ္စည်း များဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် ၅၉၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇၁၀၀၀၀)ကို လည်းကောင်း၊ အဆိုပါပစ္စည်းများကို တင်ဆောင်လာ သည့် Honda Odyssey အမျိုးအစား မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)၊ Nissan Caravan အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)နှင့် Toyota Hiace အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) တို့ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၈၇၇,၉၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ယင်းအပြင် အဆိုပါနေ့ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သထုံ-ဘားအံ ကားလမ်း ကြာပန်းတိုးဂိတ်အနီး၌ တရားမဝင် ကျွန်းသစ်ခွဲသား ၁ ဒသမ ၅၉၄၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၅၂၄၃၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၇ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀ နှင့် ခန္တီးမြို့နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ ၄၈ ဒသမ ၃၉၈၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၉၈၆၆၅၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ ဇူလိုင် ၄ ရက်၊ ၆ ရက်နှင့် ၇ ရက် များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၅ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၁၂၁၆၉၉၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်