
နေပြည်တော် ဇူလိုင် ၇
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်နေ ဒေါ်ရဟီမာဘီက တစ်မြို့နယ် တည်းနေ မ --- ၊ ၂၀ နှစ်အား ထိုင်းနိုင်ငံရှိ ၎င်း၏ဈေးဆိုင်တွင် အလုပ် လုပ်ကိုင်နိုင်ကြောင်းနှင့် မလုပ်လိုပါက တခြားအလုပ်ရှာပေးမည်၊ တစ်လလျှင် ဘတ် ၁၀၀၀၀ ရမည်ဟု ပြောဆိုစည်းရုံး၍ ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ ထိုင်းအမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ်များရယူခဲ့သဖြင့် ကျိုက်မရောမြို့မရဲစခန်း(ပ) ၅၇၃/၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မော်လမြိုင်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင် ၅ ရက်က တရားခံဒေါ်ရဟီမာဘီအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်