
နေပြည်တော် ဇူလိုင် ၈
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ ခုနှစ် ပြည်နယ် နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရုံ၌ ကျင်းပ လျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ စတင်၍ နှစ်ယောက်တွဲ အသင်း လိုက် (အမျိုးသား) အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မကွေးတိုင်း ဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် လည်းကောင်း၊ မွန်ပြည်နယ် အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊ ကချင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင် ပြည်နယ်အသင်းမှ ချင်းပြည်နယ် အသင်းကို သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းမှ ကယား ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအသင်းမှ ကရင်ပြည်နယ် အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသ ကြီးအသင်းမှ ရန်ကုန်တိုင်းဒေသ ကြီးအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် အသင်းမှ မွန်ပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ချင်းပြည်နယ်အသင်းကို သုံးပွဲ ပြတ်ဖြင့်လည်းကောင်း၊ ကချင် ပြည်နယ်အသင်းမှ ရခိုင်ပြည်နယ် အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းမှ မန္တလေးတိုင်း ဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိသည်။
ထို့အတူ ၂၀၂၂ခုနှစ် ဝန်ကြီးဌာန ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို နေပြည် တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ယနေ့နံနက် ၈ နာရီမှ စတင်ကျင်းပရာ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အသင်း က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊ အမျိုးသားပြိုင်ပွဲ ပွဲစဉ် များအဖြစ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းက ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းက ဆောက် လုပ်ရေးဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန အသင်းက သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးသည်။
ဇူလိုင် ၉ ရက်တွင် နှစ်ယောက် တွဲအသင်းလိုက်(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C)ရုံတွင် နံနက် ၈ နာရီမှစတင်၍ ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ဘော်လီဘောပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ ၁၈ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံ၌ နေ့စဉ်နံနက် ၈ နာရီမှစတင်၍ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
အားကာမောင်