
နေပြည်တော် ဇူလိုင် ၈
တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၅ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန် တိုင်းဒေသကြီး ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တစ်ဖက်နိုင်ငံ၏ ပိုးမွှားကင်းရှင်း ကြောင်း ထောက်ခံချက် (P.R.A Test Risk Analysis) မရရှိသဖြင့် ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြ လာသည့် သီဟိုဠ်စေ့ ၆၁၄၄၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၆၀၄၈၀၀)ကို သိမ်းဆည်းရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင် ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့် ရှမ်းပြည်နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ လှည့်ကင်း စစ်ဆေးရေး ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မှ မန္တလေးသို့ မောင်းနှင် လာသော ကုန်တင်ယာဉ်တစ်စီး ပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမို တင်ဆောင်လာသော ကြွေပန်းကန် လုံးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ ဇူလိုင် ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ရွှေဘိုမြို့နယ်အတွင်း CANDA 125 အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီးနှင့် Scoopy အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀) ကို ဖမ်းဆီးရမိ ခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၅ ရက်၊ ၇ ရက်နှင့် ၈ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲလေးမှု၊ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၀၃၉၀၄၈၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ သိရသည်။ သတင်းစဉ်