
ဖီးလ်ဖိုဒင်သည် ယခုနှစ် နွေရာသီတွင် မန်စီးတီးအသင်း၌ ကာလရှည် စာချုပ်သစ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာချုပ်သစ် တွင် ဖိုဒင်သည် တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ ရရှိဖွယ်ရှိကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် အင်္ဂလန်ကစားသမား ဖိုဒင်သည် လွန်ခဲ့သည့် ခြောက်လခန့်က တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ဖြင့် ကမ်းလှမ်းရန် နီးစပ်ခဲ့သော်လည်း ၎င်း၏ အနာဂတ်နှင့်ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်ရန် အလို့ငှာ ရာသီကုန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းကြောင့် မန်စီးတီး အကယ်ဒမီ ထွက် ကစားသမား ဖိုဒင်အတွက် လုပ်ခလစာပိုမိုရရှိရန် ဖြစ်လာခဲ့ပြီး လာမည့် ခြောက်ရာသီတွင် အပိုဆုကြေး ပေါင် ၁၅ သန်း ရရှိလာဖွယ် ရှိနေသည်။
ဖိုဒင်သည် ယမန်နှစ်က မန်စီးတီးအသင်း ပရီမီယာလိဂ် ဖလားဆွတ်ခူးရရှိရာတွင် အသင်းအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင် ကစားခွင့်ရရှိခဲ့သူ ဖြစ်သည်။ ဖိုဒင်သည် လက်ရှိအချိန်အထိ မန်စီးတီး အသင်းအတွက် ပြိုင်ပွဲ အရပ်ရပ် ၁၆၉ ပွဲ ပါဝင်ကစားထားပြီး ၄၅ ဂိုး သွင်းယူပေးထားသည်။ ထို့အပြင် အဆိုပါ ကစားသမားသည် မန်စီး တီး အသင်းနှင့်အတူ ပရီမီယာလိဂ်ဖလား၊ အက်ဖ်အေဖလား၊ ကာရာ ဘောင်ဖလားတို့ကို ဆွတ်ခူးရရှိထားသည်။
အောင်ဇော်