၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၄၈) လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ ဆောင်ရွက်ရန်ကျန်ရှိသည်များ

Type

ဆောင်းပါး

======

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၄၈)

လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ ဆောင်ရွက်ရန်ကျန်ရှိသည်များ

 

=============================================================

 

မောင်စာဂ

======

 

 

တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံ

ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ချောမောအောင်မြင်စွာ ကျင်းပခဲ့ ပြီးဖြစ်သည်။ ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးသွားပြီဖြစ် သော်လည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအားလုံး ဆောင်ရွက် ရန် တာဝန်တစ်ခု ကျန်ရှိနေပါသေးသည်။ ယင်းသည်ကား ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန်ပင် ဖြစ်သည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ များပါ ပြဋ္ဌာန်းချက်များအရ ကောက်နုတ်၍ အနှစ်ချုပ်မျှဝေ ပါရစေ။

 

သုံးစွဲခွင့်ရှိသောငွေပမာဏနှင့် ငွေအမျိုးအစား

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးသည် ရွေးကောက်ပွဲကုန်ကျ စရိတ်အဖြစ် ငွေကျပ်သိန်းတစ်ရာအထိ သုံးစွဲနိုင်သည်။ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်အထိသုံးစွဲနိုင် သည်။ ရွေးကောက်ပွဲကုန်ကျစရိတ်အတွက် မိမိ၏ ကိုယ်ပိုင်ငွေဖြင့် သုံးစွဲနိုင်သည်။ ပြည်တွင်းရှိ နိုင်ငံသား တစ်ဦးချင်းစီကဖြစ်စေ ကုမ္ပဏီ (သို့မဟုတ်)ကုမ္ပဏီအစု အဖွဲ့များကဖြစ်စေ တရားဝင်ရရှိထားသော ငွေကြေးများ ထဲမှ ထည့်ဝင်လှူဒါန်းသောငွေများကိုလည်း သုံးစွဲနိုင် သည်။ သက်ဆိုင်ရာပါတီအဖွဲ့အစည်းက ထောက်ပံ့သည့် ငွေဖြင့်လည်း သုံးစွဲနိုင်သည်။

 

ငွေစာရင်းစာအုပ်များ ထားရှိသုံးစွဲခြင်း

လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်သည် ငွေစာရင်းစာအုပ်များကို စနစ်တကျ ထားရှိရမည်။ သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ရမည်။ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ အသုံး စရိတ်များကို သတ်မှတ်ချက်နှင့်အညီ ကျခံသုံးစွဲရမည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းကိုယ်တိုင်လည်းကောင်း၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကလည်းကောင်း ရွေးကောက်ပွဲကုန်ကျစရိတ်များကို ပေးချေနိုင်သည်။

 

ကုန်ကျစရိတ်စာရင်း တင်သွင်းခြင်း

ရွေးကောက်ပွဲကျင်းပပြီးစီးသည့်အခါ ရွေးကောက် တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (သို့မဟုတ်) ရွေးကောက်တင်မြှောက်ခံရခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (သို့မဟုတ်) ၎င်း၏

ရွေးကောက်ပွဲကိုယ်စားလှယ်သည် မိမိတို့သုံးစွဲခဲ့သည့် ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းကို ပုံစံ (၂၀) ဖြင့် ရေးသွင်း၍ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ (သို့မဟုတ်) ခရိုင်ကော်မရှင်အဖွဲ့ခွဲထံ တင်သွင်းရမည်။

တင်သွင်းရမည့်အချိန်ကာလသတ်မှတ်ချက်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက် တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏အမည် ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရမည်။ သို့ဖြစ်၍ မိမိနှင့်သက်ဆိုင်သည့် ကြေညာသည့်နေ့ရက်ကို သေချာသိရှိရန်လိုအပ်သည်။

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ပုံစံ (၂၀) ဖြင့် ရေးသွင်း၍ မိတ္တူတစ်စုံကူးယူပြီး မူရင်းနှင့်ပူးတွဲ တင်သွင်း ရမည်။ ပုံစံ (၂၀) ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများတွင် ဖော်ပြထားသည်။ မြို့နယ်တရား

သူကြီးအဆင့်ထက်မနိမ့်သော တရားသူကြီးတစ်ဦးဦး ရှေ့မှောက်၌ ယင်းစာရင်းများမှန်ကန်ကြောင်း ကျမ်းကျိန်လွှာ ကိုလည်း ပူးတွဲတင်သွင်းရမည်။

 

ဖြည့်သွင်းရန်အချက်များ

ပုံစံ (၂၀) ဖြစ်သည့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တွင် ဖြည့်သွင်းရန်အချက်များကို အပိုင်းလိုက်ဖော်ပြ ထားသည်။ အပိုင်း (က) မှ အပိုင်း (ဏ) အထိ ပါရှိသည်။ အပိုင်း(က)မှ အပိုင်း (ဋ)အထိ မည်သည့်အသုံးစရိတ် များအတွက် ဖြည့်သွင်းရမည်ကို တိကျစွာဖော်ပြထား သည်။ အပိုင်း(ဌ)တွင် အပိုင်း(က)မှ အပိုင်း(ဋ) အထိ မပါရှိသည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကိစ္စအလို့ငှာ သုံးစွဲခဲ့သည့် အခြားအသုံးစရိတ်များရှိပါက ဖော်ပြရန်ဖြစ်သည်။ အပိုင်း (ဍ) သည် အသုံးစရိတ်စုစုပေါင်း ကို ဖော်ပြရန်ဖြစ်သည်။ အပိုင်း (ဎ) သည် ရွေးကောက်ပွဲ ကိုယ်စားလှယ်၏ ကျမ်းကျိန်လွှာဖြစ်ပြီး အပိုင်း (ဏ) သည် လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကျမ်းကျိန်လွှာ ဖြစ်သည်။ ပုံစံ (၂၀) ကိုသေချာလေ့လာ ဖတ်ရှုရပါမည်။ တိကျမှန်ကန်စွာ ဖြည့်သွင်းဖော်ပြရန်လိုပါသည်။

 

ကော်မရှင်အဖွဲ့ခွဲက ဆောင်ရွက်ရမည့်အချက်

ပုံစံ (၂၀) ဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းလွှာကို လက်ခံရရှိသည့်အခါ သက်ဆိုင်ရာ

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ငွေစာရင်းတင်သွင်း သည့် နေ့ရက်ကိုလည်းကောင်း၊ သတ်မှတ်ထားသော အချိန်နှင့် ပြဋ္ဌာန်းချက်များအတိုင်း တင်သွင်းခြင်း ပြု/မပြု ကိုလည်းကောင်း ယင်းစာရင်း၌ မှတ်တမ်းတင်ထားရမည်။ လက်ခံရရှိသည့်နေ့မှ နှစ်ရက်အတွင်း ပုံစံ (၂၀) မိတ္တူ တစ်စုံကို မိမိရုံး အများမြင်သာသောနေရာတွင် ကပ်ထား ရမည်။ မိတ္တူကူးယူလိုပါက စာတစ်မျက်နှာလျှင် တစ်မျက်နှာပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ ငွေကျပ် ၁၀၀၀ ပေးဆောင်ပါက မဲဆန္ဒရှင် မည်သူကိုမဆို လျှောက်ထားရယူခွင့် ရှိစေရမည်။

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည်

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်သွင်းရန် သတ်မှတ် ထားသော နေ့ရက်ကုန်ဆုံးသည့်နေ့မှစ၍ ခုနစ်ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အစီရင်ခံစာ တင်သွင်းရမည်။ ယင်းအစီအရင်ခံစာတွင် ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ အမည်များ၊

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများနှင့် မတင်သွင်းသည့် ကိုယ်စားလှယ်လောင်း၏အမည်များ၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း တင်သွင်းပါက တင်သွင်းသည့် နေ့ရက်၊ သတ်မှတ်ထားသောအချိန်နှင့် သတ်မှတ်ချက် အတိုင်း တင်သွင်းခြင်း ပြု/မပြုနှင့် တင်သွင်းရန်ပျက်ကွက် သည့် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့အား အရည် အချင်းပျက်ယွင်းသူအဖြစ် ကြေညာသင့်ကြောင်း တင်ပြချက် စသည်တို့ပါရှိရမည်။

သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် အထက်ပါအတိုင်း အစီရင်ခံစာတင်သွင်းပြီးနောက် မိမိရုံးရှိ အများမြင်သာသောနေရာ၌ ကြော်ငြာစာကပ်ထား ရမည်။ ယင်းကြော်ငြာစာတွင် ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့ သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်

ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ အမည်များ၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းသည့် ကိုယ်စားလှယ် လောင်းများနှင့် မတင်သွင်းသည့် ကိုယ်စားလှယ်လောင်း များ၏ အမည်များ၊ တင်သွင်းပါက ယင်းသို့ တင်သွင်း သည့် နေ့ရက်၊ သတ်မှတ်ထားသောအချိန်နှင့် သတ်မှတ် ချက်အတိုင်း တင်သွင်းခြင်း ပြု/ မပြုနှင့် သတ်မှတ်ရက် အတွင်း မတင်သွင်းသဖြင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်ရန် တင်ပြထားသူများ စသည့်အချက်များ ပါရှိရမည်။

 

ကိုယ်စားလှယ်လောင်းက ဆောင်ရွက်ရန်အချက်

သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်တို့သည် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အထက်ပါအတိုင်း ကြော်ငြာစာကပ်သည့်နေ့မှစ၍ ၁၅ ရက်အတွင်း မိမိအား အရည်အချင်းပျက်ယွင်းသူအဖြစ် မသတ်မှတ်သင့်ကြောင်း အကျိုးအကြောင်းဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားနိုင်သည်။ မိတ္တူတစ်စောင်ကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည်။

 

ကော်မရှင်ကဆောင်ရွက်ရန်အချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တင်ပြလာသည့် အစီရင်ခံစာအရဖြစ်စေ၊ သက်ဆိုင်ရာကိုယ်စားလှယ်လောင်း နှင့် ရွေးကောက်ပွဲကိုယ်စားလှယ်တို့က လျှောက်ထား လာချက်အရဖြစ်စေ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန် ပျက်ကွက်သူများသည် အရည်အချင်း ပျက်ယွင်းသူများ ဟုတ်/မဟုတ် ဆုံးဖြတ်နိုင်ရန် ရွေးကောက်ပွဲခုံအဖွဲ့ကို ဖွဲ့စည်းစစ်ဆေးစေရမည်။ ရွေးကောက်ပွဲခုံအဖွဲ့၏ အစီရင်ခံစာအပေါ်မူတည်၍ အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ရန်

သင့်/မသင့် ဆုံးဖြတ်ရမည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အရည်အချင်း ပျက်ယွင်းသည်ဟု ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်ခံရ သော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ အမည်စာရင်းများကို ကြေညာချက်ဖြင့် ထုတ်ပြန်ကြေညာရမည်။ ယင်းကြေညာ ချက်ကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြနိုင်ရန် ဆောင်ရွက်ရပါမည်။

 

အကျိုးသက်ရောက်မှု

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်သွင်းရန် ပျက်ကွက်သဖြင့် အရည်အချင်းပျက်ယွင်းသည်ဟု

ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ခံရပြီး ပြည်ထောင်စု

ရွေးကောက်ပွဲကော်မရှင်က အရည်အချင်းပျက်ယွင်း သည်ဟု ကြေညာခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ် လောင်း (သို့မဟုတ်) ရွေးကောက်ပွဲကိုယ်စားလှယ်သည် ယင်းသို့ကြေညာသည့်နေ့မှစ၍ လက်ရှိလွှတ်တော် သက်တမ်းအတွင်း ကျင်းပသည့်ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့်မရှိပါ။

 

သာဓကဖြစ်စဉ်များ

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန် ပျက်ကွက်သဖြင့် အရည်အချင်းပျက်ယွင်းသည်ဟု

ကြေညာ ခြင်းခံရသူများနှင့်စပ်လျဉ်း၍ ၂၀၁၀ ပြည့်နှစ် ပထမအကြိမ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁၂ ဦး၊ ရွေးကောက်ပွဲ ကိုယ်စားလှယ် ၃၁ ဦးရှိခဲ့သည်။ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စား လှယ်လောင်း ၁၅၉ ဦး၊ ရွေးကောက်ပွဲကိုယ်စားလှယ်

၂၄ ဦး ရှိခဲ့သည်။

 

အရည်အချင်းပျက်ယွင်းသူများ မဖြစ်စေလိုပါ

ရွေးကောက်ပွဲတစ်ခုပြီးလျှင် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြသူ လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် မိမိတို့၏ ရွေးကောက်ပွဲ အသုံးစရိတ်ငွေစာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းကြရမည်မှာ မဖြစ်မနေဆောင်ရွက်ကြရမည့် တာဝန်ဖြစ်သည်။ ရွေးကောက်ပွဲပြီးသွားသော်လည်း ယင်းတာဝန်ကို ဆောင်ရွက်ရန် ကျန်ရှိနေပါသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အသီးသီး၌ ပါဝင်ယှဉ်ပြိုင်သူ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၆၃၉ ဦးရှိသည်။ ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ် များလည်း ရှိကြသည်။ ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ဂုဏ်ယူကြ ရမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်အားလုံးတို့

သည် ရွေးကောက်ပွဲကာလ မိမိတို့သုံးစွဲခဲ့သည့် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို သတ်မှတ်ထားသည့်အတိုင်း သတ်မှတ်သည့်အချိန်ကာလအတွင်း သတ်မှတ်ချက် နည်းလမ်းများနှင့်အညီ တင်သွင်းကြခြင်းဖြင့် အရည်အချင်း ပျက်ယွင်းသူများ မဖြစ်ကြစေလိုကြောင်းပါဗျာ။

m ရွေးကောက်ပွဲတွင် ဥပဒေနှင့်အညီ တရားသဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြင့် ဂုဏ်ယူနိုင်ကြပါစေ။

m ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ချက် များနှင့်အညီ သတ်မှတ်ချိန်အမီ တင်သွင်းနိုင်ကြ ပါစေ။

m ပြည်သူနှင့် နိုင်ငံတော်အကျိုး ကျရာနေရာမှ ထမ်းဆောင်ခြင်းဖြင့် သမိုင်းပေးတာဝန် ကျေပွန် ကြပါစေ။