မြင်းမူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက မုံရွာ - မန္တလေးကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးကို လက်လုပ်မိုင်း၊လက်နက်ငယ်များဖြင့် ဖောက်ခွဲပစ်ခတ်

 

မြင်းမူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက မုံရွာ - မန္တလေးကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးကို လက်လုပ်မိုင်း၊လက်နက်ငယ်များဖြင့် ဖောက်ခွဲပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ 

 


 

နေပြည်တော်   ဇူလိုင်  ၁၆


စစ်ကိုင်းတိုင်းဒေသကြီး  မြင်းမူ မြို့နယ်၌  ဇူလိုင် ၁၅ ရက် နံနက် ပိုင်းက  မုံရွာ-မန္တလေး ကားလမ်း အတိုင်း    မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား PDF အမည်ခံ   အကြမ်းဖက်သမားများ က လက်လုပ်မိုင်း၊  လက်နက်ငယ် များဖြင့် ဖောက်ခွဲပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ  အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံး ကာ   အမျိုးသားနှစ်ဦး    ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း     သိရသည်။

 


ဖြစ်စဉ်မှာ   ဇူလိုင် ၁၅ ရက် တွင်  ပုလဲမြို့နယ်  လက်တောင်း ကြီး  ကျေးရွာနေသူများဖြစ်သည့် ဦးမျိုးညွန့်အပါအဝင်  အမျိုးသား သုံးဦး၊  အမျိုးသမီး တစ်ဦးတို့သည် အဆိုပါ  ကျေးရွာနေ  ဦးကျော်မိုး ၄၅ နှစ်   မောင်းနှင်သည့်  SGG 2J/6740 Navaras အမျိုးအစား အဖြူရောင်  မော်တော်ယာဉ်ဖြင့်  မုံရွာ-မန္တလေးကားလမ်းအတိုင်း မန္တလေးမြို့သို့  ထွက်ခွာလာခဲ့ရာ နံနက်  ၁၀ နာရီ  ၄၅  မိနစ်တွင် မြင်းမူမြို့နယ်     ဂွေးပင်တော ကျေးရွာအနီး   မုံရွာ-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၅၇ မိုင် ၇  ဖာလုံနှင့်  ၅၈  မိုင်အကြား အရောက် PDF အမည်ခံ အကြမ်း ဖက်သမား၂၀ က လမ်း၏ယာဘက် မှ ထောင်ထားသည့် လက်လုပ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲကာ လက်နက် ငယ်များဖြင့်    ဝိုင်းဝန်းပစ်ခတ် ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်တိုက်ခိုက် မှုကြောင့်  အမျိုးသားတစ်ဦးနှင့် အမျိုးသမီး   တစ်ဦးတို့မှာ   ရရှိ ဒဏ်ရာများဖြင့်     သေဆုံးခဲ့ပြီး  အမျိုးသားနှစ်ဦးမှာ  မိုင်းစထိမှန်  ဒဏ်ရာများရရှိခဲ့သဖြင့် မြင်းမူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကု သမှု      ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

 


ထိုကဲ့သို့      စစ်ရေးပစ်မှတ် မဟုတ်သည့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ    သေဆုံးစေ သည်အထိ လမ်းမကြီးပေါ်၌ သွား လာနေသည့် မော်တော်ယာဉ်အား လက်လုပ်မိုင်း၊     လက်နက်ငယ် များဖြင့်  ချောင်းမြောင်း ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်    PDF အမည်ခံ  အကြမ်းဖက်သမားများ အား  ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များ က လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ    ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း     သတင်းရရှိ သည်။

သတင်းစဉ်