
ဆောင်းပါး
=======
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်များနှင့် တရုတ်-မြန်မာဆက်ဆံရေး ခေတ်ကာလသစ်
===========================================================
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai
(ယမန်နေ့မှအဆက်)
တရုတ်-မြန်မာ သရက်သီးကုန်သွယ်မှုပုံပြင်သည် ကျွန်တော်တို့က တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအခင်း အကျင်းသစ်အကြောင်း နားလည်သိရှိမှုအတွက် ထူးခြား သည့်ရှုထောင့် ထောက်ပံ့ပေးလိုက်ပါသည်။ မကြာသေးမီ ကမှ ပြီးဆုံးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ် မြောက် ဗဟိုကော်မတီ (၅) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးက “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလ (၂၀၂၁-၂၀၂၅) ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်စုံ စီမံချက်ချမှတ်ပေးခဲ့ပြီး ၂၀၃၅ ခုနှစ်တွင် Real GDP per capita သည် အလယ်အလတ်ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ အဆင့်အတန်းအထိ ရောက်ရှိလာခြင်း၊ အလယ်အလတ် အဆင့် ဝင်ငွေရှိသည့်အုပ်စု သိသိသာသာတိုးများခြင်း၊ ပြည်သူအားလုံး အတူတကွချမ်းသာကြွယ်ဝမှုသည် ပိုမိုသိသာသည့်တိုးတက်မှုရရှိခြင်းဟူသည့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်ရည်မှန်းချက်များကို ရှင်းလင်း စွာမျှော်မှန်းခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံက ပြည်တွင်းလည်ပတ်မှုကြီးကို အဓိကထားပြီး ပြည်တွင်း နှင့် နိုင်ငံတကာလည်ပတ်မှုနှစ်ခုဖြင့် အပြန်အလှန် မြှင့်တင်သည့် ဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းအသစ်ကို တည်ဆောက်မည်ဖြစ်သည်။ ပြည်တွင်းလည်ပတ်မှုကြီး ကို အဓိကထားခြင်းသည် တံခါးပိတ်၍လည်ပတ်ခြင်း မဟုတ်ဘဲ ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်နှစ်ခု၊ အရင်းအမြစ်နှစ်ခုကို ပိုမိုကောင်းမွန်စွာ အသုံးချပြီး ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက် ပိုမို ကောင်းမွန်စွာချိတ်ဆက်နိုင်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ အနာဂတ် ၁၀ နှစ်တွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၂၂ ထရီလီယံ ကျော်ရန် မျှော်မှန်းထားပြီး တရုတ်နိုင်ငံ၏ တံခါးဖွင့်မှုကို ပိုမိုကြီးမားလာကာ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသည်လည်း ပိုမိုများပြားလာမည်ဖြစ် သည်။
တရုတ်-မြန်မာစီးပွားရေးသည် အပြန်အလှန် ဖြည့် စွက်နိုင်မှုစွမ်းရည်မြင့်ပြီး အလားအလာကောင်းမွန် ပါသည်။ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိက မဏ္ဍိုင်လုပ်ငန်းဖြစ်သည်။ တရုတ်နိုင်ငံ၏ လူဦးရေသည် ၁.၄ ဘီလီယံကျော်ရှိပြီး အလယ်အလတ်အဆင့်ဝင်ငွေရှိသည့် အုပ်စုသည် လူဦးရေ သိန်းလေးထောင်ကျော်သဖြင့် မြန်မာနိုင်ငံ၏ ဆန်၊ ပဲပုပ်၊ သစ်သီး၊ ကော်ဖီစသည့် ထူးခြား ချက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုအတွက် ကြီးမားသည့်စားသုံးသူဈေးကွက်ကို ထောက်ပံ့ပေးထား သည်။ တရုတ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းအပါအဝင် လုပ်အား အများအပြားလိုအပ်သည့် လုပ်ငန်းများက မြန်မာ နိုင်ငံသို့ လုပ်ငန်းရွှေ့ပြောင်းမှုလုပ်ဆောင်ပြီး မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်နှင့် ချိတ်ဆက်လိုက်သည်။ မြန်မာနိုင်ငံအစိုးရက အထူးစီးပွားရေးဇုန်၊ စက်မှုဇုန်နှင့် ကုန်ထုတ်လုပ်မှုမြို့သစ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးတို့ကို အင်တိုက်အားတိုက် ဖော်ဆောင်နေပြီး တရုတ်နိုင်ငံက လည်း သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတွင် တက်တက်ကြွကြွ ပါဝင်လျက်ရှိပါသည်။ ယင်းသည် မြန်မာနိုင်ငံ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှု၊ ပြည်သူလူနေမှုဘဝကောင်းမွန်လာစေမှု၊ စီးပွားဖွံ့ဖြိုး တိုးတက်မှုတို့အတွက်တွန်းအားပေးမည်၊ ဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းအသစ်၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ တစ်ဆင့်တိုးဈေးကွက်တံခါးဖွင့်ပြီး တရုတ် နိုင်ငံ၏ ပြုပြင်ပြောင်းလဲဖွံ့ဖြိုးတိုးတက်မှုအကျိုးအမြတ်များကို မြန်မာနိုင်ငံနှင့်မျှဝေကာ မြန်မာနိုင်ငံက တရုတ် နိုင်ငံသို့တင်ပို့မှုအတွက် အားအင်သစ် ထောက်ပံ့ပေးမည်ဖြစ် သည်။ တရုတ်-မြန်မာနှစ်နိုင်ငံက ကုန်သွယ်ရေး၊ ကုန်ထုတ် လုပ်မှုစွမ်းရည်၊ အခြေခံအဆောက်အအုံစသည့်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုသည် တစ်ဆင့်တိုး အရည်အသွေး ကောင်းမွန်အဆင့်မြင့်လာပြီး “အပြန်အလှန်အမှီသဟဲ ပြုသည့်” အပြန်အလှန်လိုအပ်သည့်ဈေးကွက် တဖြည်း ဖြည်းဖြစ်လာကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြား သည့် လက်တွေ့ကျအကျိုးကျေးဇူးများ သယ်ဆောင်လာ ပေးပါသည်။
တရုတ်-မြန်မာဆက်ဆံရေးခေတ်သစ်
တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေ ချင်းဆက်စပ်လျက်ရှိပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်ကာ နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုအလားအလာကြီးမားပြီး ကောင်းမွန်ပါသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်သမ္မတ Mr. Xi Jinping က မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့ပြီး သမိုင်း ဝင်ရလဒ်များ ဆွတ်ခူးရရှိခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင် များက “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတကွဖော်ဆောင်ရေး၊ တရုတ်-မြန်မာအေးအတူ ပူအမျှအသိုက်အဝန်း အတူတကွ တည်ဆောက်ရေးအတွက် သဘောတူညီချက်များရရှိခဲ့သည်။ ယခုနှစ်တွင် COVID-19 ကပ်ရောဂါကို ရင်ဆိုင်ရာတွင် တရုတ်-မြန်မာနှစ်နိုင်ငံက တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ အပြန် အလှန်ဖေးမကူညီ၍ အေးအတူပူအမျှအသိုက်အဝန်း၏ အနက်အဓိပ္ပာယ်ကို သက်ဝင်လှုပ်ရှားစွာ ဖော်ကျူးလိုက်ပါ သည်။ လက်ရှိတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အရေးပါစီမံကိန်းများကို တည်ငြိမ်စွာဖော်ဆောင်လျက်ရှိပြီး တရုတ်-မြန်မာနှစ်နိုင်ငံက လျှပ်စစ်ပူးပေါင်းဆောင်ရွက်မှု၊ အမြန်ကားလမ်း၊ ရထားလမ်း အခြေခံအဆောက်အအုံ အပြန်အလှန်ချိတ်ဆက်မှု၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ်ဖော်ဆောင်ကာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးကျေးဇူးများ သယ်ဆောင်လာပေး ပါသည်။
မကြာသေးမီကပင် မြန်မာနိုင်ငံက အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ကျွန်တော်တို့က ဝမ်းမြောက်၍ ဂုဏ်ပြုလိုပါသည်။ မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုခေတ်သစ်ကို ဝင်ရောက် တော့မည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရာတွင် အခွင့်အလမ်း အသစ်များ တွေ့ကြုံနေရပါသည်။ တရုတ်နိုင်ငံက လာမည့် နှစ်တွင် (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို စတင် ဖော်ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံကလည်း နောက်နှစ်တွင် အစိုးရအသစ်ဖွဲ့စည်းကာ ငါးနှစ်တာလုပ်ငန်းအသစ်ကို စတင်တော့မည်ဖြစ်သည်။ စည်းလုံးညီညွတ်စွာ ရောဂါ တိုက်ဖျက်ရေး၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး၊ ပြည်သူများ အကျိုးကျေးဇူး ဖြစ်ထွန်းစေရေးစသည့်နယ်ပယ်များတွင် တရုတ်-မြန်မာနှစ်နိုင်ငံက အတူလက်တွဲရှေ့သို့ချီတက် သည့် မိတ်ဖက်များဖြစ်ပါသည်။
နောက်တစ်လှမ်းအနေဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံက ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် နက်ရှိုင်းစေပြီး အပြန်အလှန်ဖေးမကူညီသည့် ဆွေမျိုး ပေါက်ဖော်စိတ်ဓာတ်ကို ဆက်လက်ဖော်ဆောင်ကာ အပြန် အလှန် ရောဂါတိုက်ဖျက်မှုအတွက် ကြိုးပမ်းဆောင်ရွက်မှု များကို ထောက်ခံအားပေး၍ နယ်စပ်ဒေသ ရောဂါပူးပေါင်း ကာကွယ်ထိန်းချုပ်ရေးကို တိုးမြှင့်သွားမည်ဖြစ်သည်။ ရောဂါတိုက်ဖျက်ရေးပစ္စည်းနှင့် ကာကွယ်ဆေးအပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ရောဂါတိုက်ဖျက်ရေး အောင်မြင်မှုကို ဆောလျင်စွာရရှိရန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ကျွန်တော်တို့သည် မြန်မာနိုင်ငံနှင့်အတူ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို စီမံခန့်ခွဲပြီး သမ္မတ Mr. Xi Jinping၏ မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို တက်တက်ကြွကြွဖော်ဆောင်ကာ “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” နှင့် မြန်မာဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ချိတ်ဆက်မှုကို တိုးမြှင့်၍ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်ရေးကို အဓိကထားပြီး နယ်ပယ်အသီးသီး လက်တွေ့ကျပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေကာ အတူတကွဖွံ့ဖြိုး တိုးတက်မှုကို တိုးမြှင့်၍ နှစ်နိုင်ငံပြည်သူများ ဆောလျင်စွာ များပြားစွာ အကျိုးခံစားရစေလိုပါ သည်။
တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနှင့် အပြန်အလှန် အရေးပါ အကျိုးအမြတ်နှင့် အရေးကြီးဂရုပြုမှုနှင့် သက်ဆိုင်သည့်ကိစ္စရပ်များတွင် အပြန်အလှန်ထောက်ခံ အားပေးသွားလိုပြီး မြန်မာနိုင်ငံ၏ဆန္ဒကို လေးစား သည့်အခြေခံပေါ်တွင် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး ဆက်လက်တွန်းအားပေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရာတွင် အပြုသဘောဆောင် သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားလိုပါသည်။ ယခုနှစ်တွင် တရုတ် နိုင်ငံက မြန်မာနိုင်ငံအတွက် “ငဘ” ရုပ်ရှင်ကို ဒစ်ဂျစ်တယ်နည်းဖြင့် ပြုပြင်ပေးလိုက်ပြီး မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် ဂုဏ်ပြုအခမ်းအနား၏ အရေးပါရုပ်ရှင်အနေဖြင့် မြန်မာနိုင်ငံ၌ ပြန်လည်ပြသ ခဲ့သဖြင့် ယင်းသည် တရုတ်-မြန်မာ ယဉ်ကျေးမှု ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု၏ ပုံရိပ်ဖြစ်ပါသည်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံနှင့် ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သာသနာရေး၊ မီဒီယာစသည့်နယ်ပယ် များတွင် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်၍ နှစ်နိုင်ငံပြည်သူများ အပြန်အလှန် နားလည်မှုနှင့် ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှုကို မြှင့်တင်သွားလိုပါသည်။
ခရီးသွားလာရာတွင် အဖော်မွန်လိုအပ်ပြီး နေထိုင် ရာတွင် အိမ်နီးချင်းကောင်းလိုအပ်ပါသည်။ ကျွန်တော် တို့က မြန်မာနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု အခွင့် အလမ်းကို အမိအရဖမ်းဆုပ်၍ အခက်အခဲစိန်ခေါ်မှုများကို ကျော်ဖြတ်ကာ တရုတ်-မြန်မာဆက်ဆံရေးကို ခေတ်သစ် တွင် ပိုမိုကြီးမားသည့် တိုးတက်မှုများ ရရှိရန် တွန်းအား ပေး၍ နှစ်နိုင်ငံပြည်သူများ အတူလက်တွဲကာ ပိုမိုသာယာ ချမ်းမြေ့သည့် အနာဂတ်သို့ လျှောက်လှမ်းသွားစေလိုပါ သည်။ ။
- Log in to post comments