
နေပြည်တော် ဇူလိုင် ၁၉
မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး မိုင်တိုင် အမှတ် ၁၁၇ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြားတွင် ဇူလိုင် ၁၈ ရက်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ အမျိုးသား တစ်ဦး၊ အမျိုးသမီး သုံးဦး သေဆုံးပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၈ ရက် နံနက် ၇ နာရီ ၄၅ မိနစ်က ဘီးလင်းမြို့နယ် အလူးလေး ကျေးရွာနေ မောင်နိုင်(၅၈)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဒေါ်အေးအေးမြင့် (၄၅) နှစ်ပါ ကိုးဦး လိုက်ပါလာသော 7F/xxxx Suzuki Carry မော်တော်ယာဉ် သည် ဘီးလင်းမြို့ဘက်မှ ကျိုက်ထိုမြို့နယ်ဘက်သို့ ရန်ကုန်-မော်လမြိုင် ကားလမ်းအတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ လဲကျတိမ်း မှောက်ခဲ့ကြောင်း၊ ယာဉ်တိမ်း မှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဒေါ်အေးအေးမြင့်နှင့် ဒေါ်ငွေလှိုင် (၄၈)နှစ်တို့ နှစ်ဦးသည် ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး ယာဉ်မောင်း မောင်နိုင်နှင့် ဦးမောင်သန်းရွှေ ပါ ရှစ်ဦးတို့တွင် ဒဏ်ရာများ ရရှိခဲ့ သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူနေစဉ် ဦးမောင်သန်းရွှေနှင့် ဒေါ်ခင်ကြည် တို့နှစ်ဦးမှာ ရရှိသော ဒဏ်ရာများ ဖြင့် သေဆုံးသွားခဲ့သောကြောင့် မောင်နိုင်အား ဘီးလင်းမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
ရဲပြန်ကြား