အောင်မြေသာစံမြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

နေပြည်တော်    ဇူလိုင်     ၁၉


NUG  အမည်ခံအကြမ်းဖက်အဖွဲ့နှင့်  ၎င်း၏လက်အောက်ခံ  PDF  အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစား များ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်း သော ရည်ရွယ်ချက်များဖြင့်  ကျောင်းသား၊  ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊   ပညာရေးဆိုင်ရာ  အဆောက်အဦများကို   မီးရှို့ဖျက်ဆီးခြင်းနှင့်   မိုင်းထောင်ဖောက်ခွဲ ခြင်းများ ပြုလုပ်လျက်ရှိသည်။

 



ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၁၈ ရက်  ည ၉ နာရီ  မိနစ် ၅၀ တွင် မန္တလေးတိုင်းဒေသကြီး  အောင်မြေသာစံမြို့နယ် ၈၆ လမ်းနှင့် ၈၇ လမ်း ကြားရှိ  အမှတ်(၃၆)  အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း၌    ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ရာ  အဆိုပါကျောင်း ဝင်းအတွင်း လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းရှေ့လမ်းပေါ်မှ ဆိုင်ကယ်ဖြင့်       ဖြတ်သန်းသွားလာနေသူ ပြည်ကြီးရန်လုံရပ်ကွက်နေ ဖြိုးသက်ပိုင်ခန့် (၂၃)နှစ်(ဘ)ဦးမြင့်ထွေးတွင်   မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကာ ကျောင်းဝင်းအတွင်း  ရပ်တန့် ထားသည့် HIJET အမျိုးအစား မော်တော်ယာဉ် ၏   လေကာမှန်နှစ်ချပ်နှင့်   ကျောင်းပြတင်း ပေါက်မှန်နှစ်ချပ်တို့ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်တွင်    ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း   သတင်းရရှိ သည်။  


သတင်းစဉ်