
နေပြည်တော် ဇူလိုင် ၁၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌ ငွေကျပ် သိန်း ၉၆၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂ ဒသမ ၄ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ကျောက်တုံးကျေးရွာရှိ မအားပ ၏နေအိမ်ကို သတင်းအရရှာဖွေရာ ၎င်းနှင့် အိုက်ကပ်တို့ကို နေအိမ် ခြံဝင်းအတွင်း REVO မော်တော် ယာဉ်နှစ်စီးနှင့်အတူ တွေ့ရှိပြီး အဆိုပါ ယာဉ်နှစ်စီးပေါ်မှ ဒေသ ကာလတန်ဖိုး ငွေကျပ်သိန်း ၉၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂ ဒသမ ၄ သန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများကို မိုင်းဆတ်မြို့နယ် ကျောက်တုံး ကျေးရွာမှ ဝမ်ဟုန်ကျေးရွာ သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက် လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်