
ရန်ကုန် ဇူလိုင် ၂၀
မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမားများ ရွေးချယ် လိုက်ပြီဖြစ်သည်။
ယင်းပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၄ ရက် အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အသင်း စုစုပေါင်း ကိုးသင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စု ခွဲဝေထားမှုအရ အုပ်စု (က) တွင် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အုပ်စု (ခ) တွင် သြစတြေးလျ၊ မြန်မာ၊ ဖိလစ်ပိုင် နှင့် မလေးရှားအသင်းတို့ ပါဝင်နေ သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် အုပ်စုပွဲစဉ် များအဖြစ် ဇူလိုင် ၂၅ ရက်တွင် မလေးရှားအသင်း၊ ဇူလိုင် ၂၇ ရက် တွင် ဖိလစ်ပိုင်အသင်း၊ ဇူလိုင် ၂၉ ရက်တွင် သြစတြေးလျ အသင်းတို့နှင့် ကစားရမည်ဖြစ် သည်။ အုပ်စုပွဲစဉ်များကို ဇူလိုင် ၂၂ ရက်မှ ၃၀ ရက်၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို သြဂုတ် ၂ ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ကို သြဂုတ် ၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၈ အမျိုးသမီးအသင်း တွင် အုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်- ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ- ဒေါ်စန်းယု နိုင်၊ ဒေါ်စိန်စီစီလှိုင်၊ ဒေါ်သူဇာ ထွေး၊ ဂိုးနည်းပြ- ဦးဇော်လင်း အောင်၊ ကစားသမားများအဖြစ် ဂိုးသမား- လူဆီးယာ၊ မေဦးခင်၊ ဖြီးဗေ၊ နောက်တန်း- မိုးပြည့် ပြည့်မောင်၊ ကြယ်စင်၊ နန်းရွှေ သင်း၊ ဖြုဖြူဝင်း၊ မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ရွှန်းလဲ့ခိုင်၊ နွယ်မိုး၊ ဖြူဖွေး၊ အလယ်တန်း- နှင်းပွင့် အေး၊ ဝေဖူးအိမ်၊ ဝေဟင်ဖြိုး၊ ထက်ထက်ဝင်း၊ ဟေမာန်စိုး၊ ခင်စန်းလွင်၊ ဒေစီအောင်၊ အေးထက်ထက်ပိုင်၊ နန်းချိုမွှေး၊ ဂျူးထက်ဝေ၊ ရှေ့တန်း-ယဉ်လွန်း အိမ်၊ သိင်္ဂီထွေး၊ ဖျားမြာမို့မို့အေး၊ ဇင်မိုးပြည့်၊ ဒီဇင်ဘာနှင်း၊ ဆုမြတ်နိုးတို့ ပါဝင်ကြသည်။
ယင်းအသင်းကို နည်းပြချုပ် အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး ဒေါ်သက်သက်ဝင်း သည် ဇူလိုင် ၄ ရက်မှ ၁၇ ရက် အထိ ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပ သည့် ၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင်အသင်းကို ယာယီ နည်းပြချုပ်အဖြစ် ကိုင်တွယ်၍ နာမည်ကြီးဗီယက်နမ်ကို ကျော် ဖြတ်ကာ တတိယဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
မြန်မာ ယူ-၁၈ အမျိုးသမီး အသင်းသည် ယင်းပြိုင်ပွဲအတွက် ဧပြီလတွင် စတင်လေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲအကြို ခြေစမ်းပွဲများအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း၊ ရွှေပြည်သာလူငယ် အမျိုးသားအသင်းတို့နှင့် ယှဉ်ပြိုင် ကစားထားသည်။
ရဲရင့်လွင်