
ရန်ကုန် ဇူလိုင် ၂၁ - ၂၀၂၂-၂၀၂၃ ဘောလုံးရာသီတွင် ပရီမီယာလိဂ်ပွဲစဉ်အားလုံးကို မူရင်းထုတ်လွှင့်ပြသသည့်ဘက်မှ ထုတ်လွှင့်သည့်အတိုင်း တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ Lotte ဟိုတယ်၌ ကျင်းပ သည့် စကိုင်းနက်မှ အင်္ဂလန်ပရီမီယာလိဂ်ဘောလုံးပွဲစဉ်များ ပြသသည့် (၁၀) နှစ်ပြည့်အခမ်းအနားမှ သိရသည်။
အဆိုပါ ပရီမီယာလိဂ်ဘောလုံးပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့်အချိန်နှင့် ထုတ်လွှင့်ပြသမည့် နေ့ရက်များကို စကိုင်းနက် Skynet SPORTS ရုပ်သံလိုင်းများ တွင် စာတန်းရေးထိုး ဖော်ပြသွားမည်ဖြစ်ပြီး Skynet DTH လူမှုကွန်ရက် စာမျက်နှာတွင်လည်း အပတ်စဉ် ကြာသပတေးနေ့တိုင်း ကြိုတင်ကြေညာမည် ဖြစ်ကြောင်း သိရသည်။
အာကာစိုး