ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Bower Group Asia (Myanmar) ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်တင်မေသိန်း (Judy Ko) အား လက်ခံတွေ့ဆုံ

Image not available
 
 
နေပြည်တော် ဖေဖော်ဝါရီ ၂၁
 
 
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Bower Group Asia (Myanmar) ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်တင်မေသိန်း (Judy Ko) နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံ သည်။
 
 
အမြင်ချင်းဖလှယ် ဆွေးနွေး
 
တွေ့ဆုံစဉ် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်လုပ်ငန်း များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူအဆင်ပြေနိုင်စေရန် နည်းပညာကဏ္ဍ အသုံးချနိုင်မှု စွမ်းရည်မြှင့်တင်နိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
 
 
သတင်းစဉ်