
ရန်ကုန် ဇူလိုင် ၂၃
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဖူဆယ်အားကစားနည်း ပါဝင်မည် မဟုတ်ကြောင်း သိရသည်။
ဇူလိုင်လ ဒုတိယပတ်ကပြုလုပ်သည့် ဆီးဂိမ်းအဖွဲ့ချုပ်အစည်း အဝေးတွင် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ပါဝင်မည့် အားကစား နည်းများ ထုတ်ပြန်ခဲ့ရာ ဖူဆယ်အားကစားနည်း ပါဝင်မည်မဟုတ် ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လာမည့် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၄၀ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ဘောလုံး အားကစားနည်းတွင် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ နှစ်မျိုး သာ ပါဝင် မည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲတွင် ဖူဆယ်အားကစားနည်းကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၀၇ ဆီးဂိမ်းပြိုင်ပွဲ တွင် စတင်ထည့်သွင်းကျင်းပခဲ့၍ နောက်ဆုံးကျင်းပခဲ့သည့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအထိ ခြောက်ကြိမ်သာ ပါဝင်ခဲ့သည်။ ၂၀၀၇ ထိုင်းဆီးဂိမ်းပြိုင်ပွဲ၊ ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းပြိုင်ပွဲ၊ ၂၀၁၃ မြန်မာဆီးဂိမ်းပြိုင်ပွဲ၊ ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲနှင့် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတို့တွင် ပါဝင်သည်။
ကိုညီလေး