တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၉ နှစ်အောက် ဘောလုံးပြိုင်ပွဲ မွန်အသင်းဂိုးပြတ်နိုင်

 

နေပြည်တော်   ဇူလိုင်    ၂၆


၂၀၂၂  ခုနှစ်  တိုင်းဒေသကြီးနှင့်    ပြည်နယ်   အသက်   (၁၉)  နှစ် အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲကို   နေပြည်တော်    ဝဏ္ဏ သိဒ္ဓိဘောလုံး   အားကစားကွင်း အမှတ် (၁) နှင့် (၃) ၌ ကျင်းပရာ ယနေ့ညနေ ၃ နာရီခွဲတွင်  ပထမ အဆင့်    အုပ်စုပတ်လည်ပြိုင်ပွဲ     ပွဲစဉ်များအဖြစ် ကွင်းအမှတ် (၁) ၌ မွန်ပြည်နယ်အသင်းက   ဧရာ ဝတီတိုင်းဒေသကြီး    အသင်းကို   သုံးဂိုး-ဂိုး  (မရှိ)   ဖြင့်  အနိုင်ရပြီး     ကွင်းအမှတ် (၃) ၌ ကချင်ပြည် နယ်အသင်းနှင့်     ရှမ်းပြည်နယ် အသင်းတို့  တစ်ဖက် သုံးဂိုးစီဖြင့် သရေဖြစ်ခဲ့သည်။

 


ဇူလိုင် ၂၇ ရက်တွင် ပထမ အဆင့်    အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ ၃ နာရီခွဲတွင်  ကွင်း အမှတ် (၁) ၌ တနင်္သာရီ တိုင်းဒေသကြီးအသင်းနှင့်  ပြည် ထောင်စုနယ်မြေ   နေပြည်တော် အသင်း၊ ကွင်းအမှတ် (၃) ၌ ရခိုင် ပြည်နယ်အသင်းနှင့် ကရင်ပြည် နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ရာ    အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။

အားကာမောင်