
ရန်ကုန် ဇူလိုင် ၃၀
၂၀၂၂ အာဆီယံ ယူ - ၁၆ ချန်ပီယံရှစ် ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၆ အမျိုးသားအသင်းသည် ဇူလိုင် ၃၀ ရက်က အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားသည်။
ယင်းပြိုင်ပွဲကို ဇူလိုင် ၃၁ ရက် မှ သြဂုတ် ၁၃ ရက်အထိ ကျင်းပ မည်ဖြစ်ပြီး အုပ်စု(က)တွင် အင်ဒို နီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အုပ်စု (ခ) တွင် ထိုင်း၊ တီမော၊ လာအို၊ ဘရူနိုင်း၊ အုပ်စု (ဂ) တွင် သြစတြေးလျ၊ မြန်မာ၊ မလေးရှားနှင့် ကမ္ဘောဒီးယားတို့ ပါဝင်နေသည်။ မြန်မာ ယူ-၁၆ အသင်းတွင် အုပ်ချုပ်သူ- ဦးညီညီ လတ်၊ နည်းပြချုပ်- ဦးအောင် ဇော်မျိုး၊ လက်ထောက်နည်းပြ- ဦးပေါ်ထွန်းကျော်၊ ဦးဧရာမောင်၊ ဂိုးနည်းပြ- ဦးမျိုးကျော်သူ၊ ကစား သမားများအဖြစ် ဂိုးသမား- စိုင်းသီဟနိုင်၊ ဆလိုင်းအံ့ဘွယ် မောင် (မန္တလေးအကယ်ဒမီ)၊ မြင့်မြတ်ရန်နောင် (ပုသိမ် အကယ်ဒမီ)၊ နောက်တန်း- လင်းထက်ဦး၊ နေလင်းထက်၊ သူရဇော်၊ လှထွန်း (မန္တလေး အကယ်ဒမီ)၊ သက်နိုင်ဦး၊ ဟန်ထက်ဦး၊ မြတ်ဘုန်းခန့်၊ အောင်ကောင်းခန့်(၂) (ပုသိမ် အကယ်ဒမီ)၊ နေလင်းထွန်း (ISPE လွိုင်ကော်)၊ အလယ်တန်း- ကောင်းခန့်ဇော်၊ ကောင်းထက်၊ ဘရန်းဒွန်းလီ၊ နေမင်းထက်၊ ဟန်ထွန်းဇော် (မန္တလေးအကယ် ဒမီ)၊ ခွန်းချိုထူး (ပုသိမ်အကယ် ဒမီ)၊ ချစ်မြတ်နိုးဦး (ရန်ကုန်တိုင်း ဒေသကြီး)၊ အောင်ဇော်မျိုး (ကရင် ပြည်နယ်)၊ ရှေ့တန်း- ဝေလျှံရှိုင်း၊ ပြည့်စုံအောင်၊ အောင်ကောင်း ခန့်(၁) (ပုသိမ်အကယ်ဒမီ)၊ စိုင်းဇေယျာကျော် (ရန်ကုန် အကယ်ဒမီ)၊ နိုင်လား၊ ရှိုင်းဝဏ္ဏ အောင်၊ ထူးဝေယံ (မန္တလေး အကယ်ဒမီ)၊ စောမျိုးဇော် (ကရင် ပြည်နယ်)တို့ ပါဝင်သည်။
ပြိုင်ပွဲကျင်းပမည့် ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးသုံးသင်း နှင့် အုပ်စု(က)နှင့် (ဂ)မှ ဒုတိယ နေရာရ အသင်းများအနက် အကောင်းဆုံးတစ်သင်းမှာ ဆီမီး ဖိုင်နယ် တက်ရောက်ခွင့်ရမည် ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် သြဂုတ် ၂ ရက်တွင် သြစတြေးလျအသင်း၊ သြဂုတ် ၅ ရက်တွင် မလေးရှား အသင်း၊ သြဂုတ် ၈ ရက်တွင် ကမ္ဘောဒီးယား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF