အာဆီယံ ယူ - ၁၈ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်၌ ဗီယက်နမ်-မြန်မာ၊ သြစတြေးလျ-ထိုင်း တွေ့ဆုံ

 

ရန်ကုန်   ဇူလိုင်  ၃၀


အင်ဒိုနီးရှားနိုင်ငံ၌ ပလန်ဘမ်မြို့၌ ကျင်းပလျက်ရှိသည့်     ၂၀၂၂ အာဆီယံ   ယူ-၁၈   အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ   ဆီမီးဖိုင်နယ် ပွဲစဉ်များ   ထွက်ပေါ်လာပြီဖြစ်ပြီး ဗီယက်နမ်-မြန်မာ၊ သြစတြေးလျ-ထိုင်း တွေ့ဆုံခဲ့သည်။

 


အုပ်စု (က) နောက်ဆုံးနေ့ကို ဇူလိုင်   ၃၀   ရက်က  ကျင်းပရာ ဗီယက်နမ်က  ထိုင်းကို  တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး စင်ကာပူနှင့် ကမ္ဘောဒီးယားအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။     အုပ်စုပထမ နေရာအတွက် အဆုံးအဖြတ်ပွဲတွင် ဗီယက်နမ်က ထိုင်းကို အနိုင်ကစား ခဲ့သဖြင့် ဆီမီးဖိုင်နယ်တွင် မြန်မာ အသင်းနှင့်  တွေ့ဆုံခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၂   ရက်တွင်   ကျင်းပမည်ဖြစ် သည်။ 

 


အုပ်စုပွဲစဉ်များ     အပြီးတွင် အုပ်စု (က)၌    ဗီယက်နမ်အသင်းက လေးပွဲနိုင်၊  ရမှတ်  ၁၂  မှတ်ဖြင့် အုပ်စုပထမ၊   ထိုင်းအသင်းက သုံးပွဲနိုင်၊     တစ်ပွဲရှုံး    ရမှတ် ကိုးမှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (ခ) ၌ သြစတြေးလျအသင်းက သုံးပွဲနိုင်      ရမှတ်ကိုးမှတ်ဖြင့် အုပ်စုပထမ၊    မြန်မာအသင်းက နှစ်ပွဲနိုင်၊    တစ်ပွဲရှုံး    ရမှတ် ခြောက်မှတ်ဖြင့်    အုပ်စုဒုတိယ ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက် ခဲ့ခြင်းဖြစ်သည်။

 


မြန်မာအသင်းသည်    အုပ်စု ပွဲစဉ်များတွင်      မလေးရှားနှင့် ဖိလစ်ပိုင်ကို       အနိုင်ယူပြီး သြစတြေးလျကို   အရေးနိမ့်ခဲ့ သဖြင့်   အုပ်စုဒုတိယ ရခဲ့ခြင်းဖြစ် သည်။ မြန်မာအသင်းမှာမူ ဆီမီး ဖိုင်နယ် တက်ရောက်ပြီးဖြစ်သော ကြောင့်       သြစတြေးလျနှင့် နောက်ဆုံးပွဲတွင်   အမာခံကစား သမားများကို      အနားပေးခဲ့ခြင်း ဖြစ်သည်။


ရဲရင့်လွင်