
ရန်ကုန် ဩဂုတ် ၁၂
မြန်မာ့လက်ရွေးစင် ကွင်းလယ် ကစားသမား လွင်မိုးအောင်သည် ထိုင်းလိဂ်- ၂ ကလပ် Rayong အသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ်သည်။
လွင်မိုးအောင်သည် ပထမဆုံး အကြိမ် ပြည်ပကလပ်တွင် သွားရောက် ကစားခြင်းဖြစ်ပြီး ကမ်းလှမ်းမှုရရှိသည့် ထိုင်းကလပ် များအနက် Rayong အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
လွင်မိုးအောင်သည် Rayong အသင်းတွင် ကျောနံပါတ်- ၆ ဝတ်ဆင် ကစားမည်ဖြစ်သည်။ လွင်မိုးအောင်သည် အားကာသိပ္ပံ မှ ထွက်ပေါ်လာသူဖြစ်ကာ ၂၀၁၉ နှင့် ၂၀၂၀ ရာသီတွင် ဧရာဝတီ အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ သည်။ ၂၀၂၁ နှစ်ဆန်းပိုင်းတွင် ရန်ကုန် ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း ပြိုင်ပွဲ မကျင်းပသဖြင့် တစ်ပွဲမျှမကစား ရဘဲ နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းကာ ပြည်ပကလပ်များ တွင် ကစားခွင့်ရရန် ကြိုးပမ်းခဲ့ ခြင်းဖြစ်သည်။ လွင်မိုးအောင် ကစားမည့် ထိုင်းလိဂ်- ၂ ကလပ် များတွင် မြန်မာကစားသမား အများစု ပါဝင်ကစားလျက်ရှိ သည်။ Rayong အသင်းသည် ပြီးခဲ့သည့်ရာသီက မြန်မာ တိုက်စစ်မှူး ကျော်ကိုကိုအား ခေါ်ယူအသုံးပြုခဲ့သည်။
လာမည့် ၂၀၂၂-၂၀၂၃ ရာသီ ထိုင်းလိဂ် - ၁၊ လိဂ် -၂ နှင့် လိဂ် - ၃ ပြိုင်ပွဲတွင် မြန်မာကစားသမား အများအပြား ပါဝင်ကစားမည် ဖြစ်သည်။ မြန်မာကစားသမား များသည် ထိုင်းကလပ်များအပြင် မလေးရှား၊ လာအိုနှင့် ကမ္ဘော ဒီးယားကလပ်တို့တွင်လည်း ပါဝင် ကစားလျက်ရှိသည်။
ရဲရင့်လွင်၊ဓာတ်ပုံ - RYFC