
ပရီမီယာလိဂ်ပွဲစဉ် (၂) မှ အစော ဆုံးပွဲစဉ်ဖြစ်သည့် စတီဗင်ဂျရတ် ၏ အက်စ်တွန်ဗီလာအသင်းနှင့် ဖရန့်လမ်းပတ်၏ အဲဗာတန် အသင်းတို့ပွဲစဉ်ကို စနေနေ့ ညပိုင်းက ဗီလာပတ်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အက်စ်တွန်ဗီလာ အသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲချိန် ၃၁ မိနစ်တွင် အက်စ် တွန်ဗီလာအသင်း ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဝက်ကင်စ်၏ ဖန်တီးမှုမှ ဒန်နီအင့်စ်က သွင်းယူခဲ့သည်။ ဒုတိယမြောက်ဂိုးကို ပွဲချိန် ၈၆ မိနစ်တွင် ဘွန်ဒီယာက သွင်းယူ ပေးသည်။ သို့သော်လည်း ဒုတိယ ဂိုး ခွင့်ပြုပေးလိုက်ရပြီးနောက် တစ်မိနစ်အကြာတွင် အက်စ်တွန် ဗီလာအသင်းမှ ဒဂ်နီ ကိုယ့်ဂိုး ကိုယ်သွင်းယူမိခဲ့၍ အဲဗာတန် အသင်း ချေပဂိုးရရှိခဲ့သည်။
မန်စီးတီး အသင်းနှင့် ဘုန်းမောက်အသင်းတို့ ပွဲစဉ်တွင် မန်စီးတီးအသင်းက တိုက်စစ် ခြေစွမ်းပြကာ လေးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ မန်စီးတီး အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၉ မိနစ်တွင် ဂန်ဒိုဂန်က သွင်းယူပေးပြီး ဒုတိယဂိုးကို ပွဲချိန် ၃၁ မိနစ်တွင် ဒီဘရိုင်းက သွင်းယူ ပေးခဲ့သည်။ အသင်းအတွက် တတိယဂိုးကို ပွဲချိန် ၃၇ မိနစ် တွင် ဖိုဒင်က သွင်းယူပေးခဲ့ သည်။ ဘုန်းမောက်မှ လာမာက ၇၉ မိနစ်တွင် ကိုယ့်ဂိုးကိုယ် သွင်းယူမိသောကြောင့် မန်စီးတီး တို့ လေးဂိုးပြတ် အနိုင်ရခဲ့ သည်။
အခြားသော ပွဲစဉ်ရလဒ်များ တွင် အာဆင်နယ်က လက်စတာ ကို လေးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ ပြီး ဘရိုက်တန်နှင့် ကာဆယ် အသင်းတို့ပွဲစဉ်တွင် ဂိုးမရှိသရေ၊ ဆောက်သမ်တန်နှင့် လိဒ်စ် အသင်းတို့ပွဲစဉ်တွင် တစ်ဖက် နှစ်ဂိုးစီနှင့် ဝုဖ်အသင်းနှင့် ဖူလ်ဟမ်အသင်းတို့ ပွဲစဉ်တွင် ဂိုးမရှိ သရေကျခဲ့သည်။
အောင်ဇော်