၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအတွက် မြန်မာအသင်း လေ့ကျင့်ပြင်ဆင်

 

၂၀၂၃  အာရှဖလား  ယူ-၁၇  ခြေစစ်ပွဲ အတွက်  မြန်မာယူ-၁၆  အမျိုးသား အသင်းသည် လေ့ကျင့်ပြင်ဆင်မှုများ  ဆက်လက်ပြုလုပ်လျက်ရှိသည်။

 


၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ ကို အောက်တိုဘာ ၁ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး  အသင်းစုစုပေါင်း  ၄၃ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်း ခြေစစ်ပွဲတွင်     မြန်မာအသင်းသည် အုပ်စု  (ဃ)  ၌   ဆော်ဒီအာရေဗျ၊ မော်လ်ဒိုက်၊  ကူဝိတ်တို့နှင့်  ကျရောက် နေသည်။    မြန်မာအသင်းပါဝင်သည့် အုပ်စုတွင်   ယခင်က   အိန္ဒိယအသင်း ပါဝင်သော်လည်း     ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၏ အရေးယူမှုကြောင့် ပြိုင်ပွဲ ဝင်ခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

 


မြန်မာ ယူ-၁၆ အသင်းသည် ဇူလိုင်  ၃၁ ရက်မှ သြဂုတ် ၁၂ ရက်အထိ အင်ဒို နီးရှားနိုင်ငံ၌    ကျင်းပသည့်    ၂၀၂၂ အာဆီယံ  ယူ-၁၆  ချန်ပီယံရှစ်ပြိုင်ပွဲ ပြီးနောက် ဆက်လက်လေ့ကျင့်ပြင်ဆင် နေခြင်းဖြစ်သည်။   မြန်မာ   ယူ-၁၆ အသင်းသည်  Young  Boys  အသင်း အမည်ဖြင့် ယှဉ်ပြိုင်မည့် ၂၀၂၂ MNL-2 (ပထမတန်း)  အမှတ်ပေးပြိုင်ပွဲလည်း  ယှဉ်ပြိုင်ရမည်      ဖြစ်သောကြောင့် အာဆီယံပြိုင်ပွဲအပြီးတွင်   ဆက်လက် လေ့ကျင့်နေခြင်းဖြစ်သည်။

 


မြန်မာ   ယူ-၁၆   အသင်းသည် Young   Boys   အသင်းအမည်ဖြင့် ယှဉ်ပြိုင်မည့်  ၂၀၂၂  MNL-2  (ပထမ တန်း) အမှတ်ပေးပြိုင်ပွဲ  ပထမပွဲအဖြစ်  သြဂုတ် ၂၀ ရက်တွင် တက္ကသိုလ်အသင်း နှင့် စတင်ကစားရမည်ဖြစ်သည်။

 


ယင်းအသင်းကို  နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုးက ကိုင်တွယ်နေပြီး အာဆီယံ   ယူ-၁၆ ပြိုင်ပွဲ  ယှဉ်ပြိုင်ခဲ့သည့်  ကစားသမားများဖြင့် ပြန်လည် လေ့ကျင့်နေ ခြင်းဖြစ်သည်။ မြန်မာ   ယူ-၁၆ အသင်းသည် မေလတွင်     စတင် လေ့ကျင့်ခဲ့ပြီး  ပထမ ဆုံး     နိုင်ငံတကာ ပြိုင်ပွဲအဖြစ်    ၂၀၂၂ အာဆီယံ     ယူ-၁၆ ချန်ပီယံရှစ်   ပြိုင်ပွဲ ယှဉ်ပြိုင်     ခဲ့ရာ စတုတ္ထနေရာ      ရရှိခဲ့ သည်။


သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF