နောက်ကျဂိုးဖြင့် ရှမ်းယူနိုက်တက်၏ နိုင်ပွဲဆက်မှုကို ဟံသာဝတီအသင်း ရပ်တန့်

 

ရန်ကုန်   ဩဂုတ်  ၂၀


၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) ပထမနေ့အဖြစ် ဟံသာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ သြဂုတ် ၂၀ ရက်က   သုဝဏ္ဏကွင်း၌  ယှဉ်ပြိုင်ကစားရာ  နှစ်ဂိုးစီ သရေကျခဲ့သည်။

 


ပွဲစဉ်(၁)မှ (၈)အထိ ရှစ်ပွဲဆက်တိုက် အနိုင်ရပြီး   ရာသီဝက်  ချန်ပီယံအဖြစ် ရပ်တန့်နိုင်ခဲ့သည့်    ရှမ်းယူနိုက်တက် အသင်းသည် ပထမအကျော့ နောက်ဆုံး ပွဲမှ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရသည်။ ရှမ်း ယူနိုက်တက်အသင်းသည် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရသော်လည်း ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘဲ       ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ဟံသာ ဝတီအသင်းသည်           ယခုရာသီတွင် ရလဒ်ပိုင်းမတည်ငြိမ်သေးသော်လည်း နောက်ကျဂိုးဖြင့် ရှမ်းယူနိုက် တက်အသင်း၏ နိုင်ပွဲဆက်မှုကို ရပ်တန့်ခဲ့သည်။

 


ဟံသာဝတီအသင်းသည် ရဲရင့်အောင်၊ မျိုးဇော်ဦး၊ ရွှေလှိုင်ဝင်း၊ လားဒင်မောရ၊ ကိုကိုနိုင်(ဂိုး)တို့ဖြင့် လူစုံနီးပါးပါဝင်ခဲ့သလို ရှမ်းယူနိုက် တက်အသင်းကလည်း နိုင်ငံခြားသားကစားသမား နှစ်ဦးအပါအဝင် လူစုံအသုံးပြုခဲ့သလို    အသစ်ခေါ်ယူထားသည့်  စည်သူအောင်နှင့် မြတ်ကောင်းခန့်တို့ကိုလည်း လူစားလဲအသုံးပြုခဲ့သည်။ နှစ်သင်းစလုံး ပွဲစကတည်းက ဂိုးရရန်ကြိုးပမ်းခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင် ဟံသာဝတီ အသင်းက ဂိုးစတင်ရရှိခဲ့သည်။ ဟံသာဝတီအသင်း ဦးဆောင်ဂိုးကို ၄၅ မိနစ်တွင် မျိုးဇော်ဦးက  အဝေးကန်ချက်ဖြင့် သွင်းယူခဲ့သည်။ ပထမပိုင်း တွင် အရေးနိမ့်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယပိုင်းအစ တွင် ချေပဂိုးရရန် ကြိုးပမ်းလာပြီး ၄၇ မိနစ်တွင် ညာနောက်ခံလူ ကျော်ဇင်လွင်က ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းခဲ့ သည်။  ချေပဂိုးပြန်သွင်းသဖြင့်  ရှမ်းယူနိုက်တက်အသင်း ပိုဖိကစား လာနိုင်ပြီး ၅၃ မိနစ်တွင် မတ်ခ်ဆာကီက ဒုတိယဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဟံသာဝတီအသင်းက ချေပဂိုးပြန်ရရန် ကြိုးပမ်း လာသလို ရှမ်းယူနိုက်တက်အသင်းကလည်း အနိုင်ရလဒ်ကို ထိန်းကစား နိုင်ရန် ကြိုးပမ်းခဲ့သည်။ ရှမ်းယူနိုက်တက်အသင်း၏ နိုင်ပွဲဆက်မှတ်တမ်း မှာ ၈၈ မိနစ်တွင် ကျိုးပျက်ခဲ့ပြီး ဟံသာဝတီအသင်းအတွက် ချေပဂိုးကို အောင်မျိုးသူရက သွင်းယူခဲ့သည်။ ပထမအကျော့ ကိုးပွဲစီကစားအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ၂၅ မှတ်၊ ဟံသာဝတီအသင်းက ၁၁ မှတ် ရရှိထားသည်။ ပွဲစဉ်(၉) ဒုတိယနေ့ကို သြဂုတ် ၂၁ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး  ဧရာဝတီအသင်းနှင့်   မြဝတီအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။        

သတင်း - ရဲရင့်လွင်၊ ဓာတ်ပုံ-MNL