ဝန်ကြီးဌာနပေါင်းစုံဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

 

နေပြည်တော် ဩဂုတ် ၂၀


၂၀၂၂ ခုနှစ်  ဝန်ကြီးဌာနပေါင်းစုံ အသက်  (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို   ယနေ့ညနေ    ၃   နာရီခွဲတွင်  နေပြည်တော်   ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား  လေ့ကျင့်ရေးကွင်းအမှတ်  (၃)  ၌    ဆက်လက်ကျင်းပရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာများမှ  တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ   တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင် များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 


 ယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ   ပွဲစဉ်များအဖြစ်  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ် ရေးဝန်ကြီးဌာနအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။

 


ဩဂုတ် ၂၁ ရက် ညနေ   ၃ နာရီခွဲတွင် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ် များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား  လေ့ကျင့်ရေးကွင်း အမှတ်(၁)၌   အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့်   ပြန်ကြားရေး ဝန်ကြီးဌာနအသင်းတို့သည်လည်းကောင်း၊   အားကစားလေ့ကျင့်ရေးကွင်း အမှတ်(၃)၌  ပညာရေးဝန်ကြီးဌာနအသင်းနှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်းတို့သည်လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို   စိတ်ပါဝင်စား သည့်မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။      

                                                         

အားကာမောင်