၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၅၀) ရွေးကောက်တင်မြှောက်ခံရသည့်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ

Type

ဆောင်းပါး

=====

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၅၀)

ရွေးကောက်တင်မြှောက်ခံရသည့်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ

 

==================================================

 

မောင်စာဂ

=====

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်အသီးသီး၌ ပါဝင်ယှဉ်ပြိုင်သူ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၆၃၉ ဦး ရှိပြီး ၁၁၁၂ ဦး ရွေးကောက် တင်မြှောက်ခံရသည်။ ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ် များထဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၉၄ ဦး ဖြစ်သည်။ ရွေးကောက်တင်မြှောက်ခံရသော အမျိုး သမီး လွှတ်တော်ကိုယ်စားလှယ်များကို ဂုဏ်ပြုသောအား ဖြင့် ရွေးကောက်တင်မြှောက်ခံရသော မဲဆန္ဒနယ်အမည် များကိုပါ ဖော်ပြ၍ အနှစ်ချုပ်မျှဝေပါရစေ။

 

ပြည်သူ့လွှတ်တော်

ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ခံ ရသော အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေါ်အေးအေးမူ(ခ)ရှားမီး (ကလေး)၊ ဒေါက်တာဒေါ်ပြုံး (အင်းတော်)၊ ဒေါ်ချိုချိုဝင်း (မော်လိုက်)၊ ဒေါ်ခင်စန်းလှိုင် (ပုလဲ)၊ ဒေါက်တာ အေဇင် လတ် (ရွှေဘို)၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေါ်ခင်စန္ဒီ (လောင်းလုံး)၊ ဒေါ်တင်ဌေး (သရက်ချောင်း)၊ ဒေါ်တင် တင်ရီ (ကျွန်းစု)၊ ဒေါ်စီစီသက် (တနင်္သာရီ)၊ ပဲခူးတိုင်း ဒေသကြီးတွင် ဒေါ်ချိုချို (အုတ်တွင်း)၊ ဒေါက်တာဒေါ်ရွှေပုံ (ပဲခူး)၊ ဒေါ်နီနီဒွန်း (ပေါက်ခေါင်း)၊ ဒေါက်တာခင်စိုးစိုးကြည် (ပြည်)၊ ဒေါ်မြခွာညိုဦး (ရွှေတောင်)၊ ဒေါက်တာဒေါ်သန်းအေး (ဇီးကုန်း)၊ မကွေးတိုင်းဒေသကြီးတွင် ဒေါ်ယဉ်မင်းလှိုင် (ဂန့်ဂေါ)၊ ဒေါ်အေးယုမော် (သရက်)၊ ဒေါ်ခင်မျိုးဆက် (အောင်လံ)၊ မန္တလေးတိုင်းဒေသကြီးတွင် ဒေါ်ဝင်းမြမြ (စဉ့်ကိုင်)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဒေါ်အောင်ဆန်း စုကြည်(ကော့မှူး)၊ ဒေါ်အိအိခိုင် (တိုက်ကြီး)၊ ဒေါ်ခင် မြတ်သူ (မင်္ဂလာဒုံ)၊ ဒေါ်မြသီတာ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်)၊ ဒေါ်ဇင်မာအောင် (ရန်ကင်း)၊ ဒေါ်စုစုလွင် (သုံးခွ)၊ ဒေါက်တာမေဝင်းမြင့် (မရမ်းကုန်း)၊ ဒေါ်ခင်မို့မို့အောင် (လသာ)၊ ဒေါ်ကြည် ကြည်အုန်း(အလုံ)၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဒေါက်တာ ဒေါ်ခင်ညို (ဒေးဒရဲ)၊ ဒေါ်ဝေမာလွင် (ဘိုကလေး)၊ ဒေါ်အုန်း သိန်း (ဓနုဖြူ)၊ ဒေါ်အိအိပြုံး (မအူပင်) နှင့် ဒေါ်သန္တာ (အိမ်မဲ) တို့ဖြစ်ကြသည်။

ကချင်ပြည်နယ်တွင် ဒေါ်လရှန်ဘန်ထွယ် (ဆွမ်ပရာ ဘွမ်)၊ ဒေါ်ကေရွယ်အောင် (မြစ်ကြီးနား)၊ ကယားပြည်နယ် တွင် ဒေါ်နန်းထွေးသူ (ဖားဆောင်း)၊ ဒေါ်မိုးမြာ (ရှားတော)၊ ဒေါ်ခင်စန်းဝင်း(ခ) ဒေါ်စန်းစန်းမြင့် (လွိုင်ကော်)၊ ကရင် ပြည်နယ်တွင် ဒေါ်နန်းသန်းသန်းလွင် (ဘားအံ)၊ ချင်း ပြည်နယ်တွင် ဒေါ်ကျိန်ငိုက်မန် (တွန်းဇန်)၊ မွန်ပြည်နယ် တွင် ဒေါ်မိချိုသဲ (ချောင်းဆုံ)၊ ဒေါ်မိကွန်ချမ်း (ပေါင်)၊ ဒေါ်ကေသီဇာလှိုင်း (သထုံ)၊ ရခိုင်ပြည်နယ်တွင် ဒေါ်လှ သက်စိုး (တောင်ကုတ်)၊ ရှမ်းပြည်နယ်တွင် နန်းစမ်းစမ်းအေး (သီပေါ)၊ နန်းခမ်းအေး (နမ္မတူ)၊ ဒေါ်ပြုံးကေသီနိုင် (ကလော)၊ ဒေါက်တာခင်မျိုးသွယ် (ရပ်စောက်)၊ နန်းခမ်းဗွာ (ဟိုပုံး)၊ နန်းထွေးမှုံ (မူဆယ်)၊ နန်းရွှေညွန့် (မိုးနဲ)၊ နန်းခင်စော (ကွန်ဟိန်း) တို့ ဖြစ်ကြသည်။

 

အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်အတွက် ရွေးကောက်တင်မြှောက် ခံရသော အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေါ်သီတာဝင်း (စစ်ကိုင်း-၈)၊ ဒေါ်ခင်စုလှိုင်ထွေး (စစ်ကိုင်း-၁၁)၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ဒေါ်ချိုချိုလွင် (တနင်္သာရီ-၃)၊ ဒေါ်ဥမ္မာခင် (တနင်္သာရီ-၅)၊ ဒေါ်သီတာ (တနင်္သာရီ-၈)၊ ပဲခူးတိုင်း ဒေသကြီးတွင် ဒေါက်တာတင်တင်ဝင်း (ပဲခူး-၂)၊ မကွေး တိုင်းဒေသကြီးတွင် ဒေါ်လှိုင် (မကွေး-၁၀)၊ ဒေါ်သန်း သန်းအေး (မကွေး-၁၁)၊ မန္တလေးတိုင်းဒေသကြီးတွင် ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည် (မန္တလေး-၁)၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ဒေါ်ဖြူဖြူလွင် (ရန်ကုန်-၁)၊ ဒေါ်မြမျိုးအေး (ရန်ကုန်-၁၂)၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဒေါ်မေသန်းနွဲ့ (ဧရာဝတီ-၄) တို့ဖြစ်ကြသည်။

ကချင်ပြည်နယ်တွင် ဒေါက်တာခင်မကြီး (ကချင်-၆)၊ ဒေါ်ခင်နှင်းထွေး (ကချင်-၈)၊ ကယားပြည်နယ်တွင် ဒေါ်ခင် သန်းနု (ကယား-၆)၊ ကရင်ပြည်နယ်တွင် နန်းမိုးမိုးထွေး (ကရင်-၉)၊ ဒေါက်တာနော်ခရစ္စထွန်း (ခ) အားကာမိုး (ကရင်-၁၀)၊ ချင်းပြည်နယ်တွင် ဒေါ်ခင်ဆွေလွင် (ချင်း-၅)၊ ဒေါက်တာအေးအေးငွန် (ချင်း-၁၁)၊ မွန်ပြည်နယ်တွင် မိလဝီဟန် (မွန်-၇)၊ ဒေါ်မြတ်သီတာထွန်း (မွန်-၈)၊ဒေါ်သီရိ ရတနာ (မွန်-၁၁)၊ ရခိုင်ပြည်နယ်တွင် ဒေါ်ခင်လှမြိုင်(ခ) ဒေါ်ခင်သန်းရင် (ရခိုင်-၁) နှင့် ရှမ်းပြည်နယ်တွင် နန်းမွန်း စိန် (ရှမ်း-၆)၊ ဒေါ်မမလေး (ရှမ်း-၉) တို့ဖြစ်ကြသည်။

 

တိုင်းဒေသကြီးလွှတ်တော်

တိုင်းဒေသကြီးလွှတ်တော်အတွက် ရွေးကောက်တင် မြှောက်ခံရသော အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် များမှာ စစ်ကိုင်းတိုင်းဒေသကြီး၌ ဒေါ်သန့်ဝေကျော် (ကလေး-၁)၊ ဒေါ်ခင်နှင်းရီ (ယင်းမာပင်-၁)၊ ဒေါ်အေးစန္ဒာကျော် (ယင်းမာပင်-၂)၊ ဒေါ်လတ်လတ်မိုးအောင် (မော်လိုက်-၁)၊ ဒေါ်နှင်းခိုင်စိုး (ဒီပဲယင်း-၁)၊ ဒေါ်အမာကြည် (မုံရွာ-၁)၊ ဒေါ်အောင်ကြည် (မုံရွာ-၂)၊ ဒေါ်ခင်မွှေးလွင် (မင်းကင်း-၁)၊ ဒေါ်ဖြူဖြူဝင်း (ကောလင်း-၁)၊ ဒေါ်ခိုင်ခိုင်ဝင်း (ဝန်းသို-၂)၊ ဒေါ်အေးမြတ်မွန် (မြောင်-၂)၊ ဒေါ်နီလာလွင် (မြင်းမူ-၂)၊ ဒေါ်သင်းသင်းကြူ (ခင်ဦး-၁)၊ ဒေါ်လါလ်ရင်းမွန် (ချင်း တိုင်းရင်းသား) ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေါ်မိုးမိုးသူ (ထားဝယ်-၂)၊ ဒေါ်ယုယုဝါ (သရက်ချောင်း-၁)၊ ဒေါ်သီ သီစန်း (သရက်ချောင်း-၂)၊ ဒေါ်ရီရီချို (မြိတ်-၂)၊ ပဲခူးတိုင်း ဒေသကြီးတွင် ဒေါ်မေဖြိုးသူ(ခ)ယမင်း (ကျောက်ကြီး-၂)၊ ဒေါ်သိမ့်နန္ဒာအေး (သာယာဝတီ-၁)၊ ဒေါ်ဇင်မိုးထိုက် (ပန်းတောင်း-၁)၊ ဒေါ်ပပဟန် (ပန်းတောင်း-၂)၊ ဒေါ်လှ လှဝင်း (ရွှေကျင်-၂)၊ ဒေါ်ရီရီထိုက် (ဝေါ-၂)၊ ဒေါ်ခင်အေးရီ (ဇီးကုန်း-၁)၊ ဒေါ်မေဦးနိုင် (သဲကုန်း-၂) နှင့် နော်ပွယ်စေး (ကရင်တိုင်းရင်းသား)၊ မကွေးတိုင်းဒေသကြီးတွင် ဒေါ်ဌေးဌေးလှိုင် (ပခုက္ကူ-၁)၊ ဒေါ်ဇင်နီနီဝင်း (ပခုက္ကူ-၂)၊ ဒေါ်သင်းသင်းဆွေ (တောင်တွင်းကြီး-၂)၊ ဒေါ်ခင်ချိုလတ် (မကွေး-၂)၊ ဒေါ်ယဉ်ယဉ်အောင် (ထီးလင်း-၂)၊ ဒေါ်စော အေးမွန် (ချောက်-၁)၊ ဒေါ်ညိုညိုဦး (စေတုတ္တရာ-၁)၊ ဒေါ်သက်မွန်အေး (ဆိပ်ဖြူ-၁)၊ ဒေါ်မြင့်စန်း (ပေါက်-၂)၊ ဒေါ်အေးမူ (မင်းတုန်း-၂) တို့ဖြစ်ကြသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဒေါ်သီတာငြိမ်း (မလှိုင်-၂)၊ ဒေါ်နေခြည်အေး (ပျော်ဘွယ်-၂)၊ ဒေါ်သန်းဌေး(ခ)ဒေါ်မီးမီး (သာစည်-၁)၊ ဒေါ်နေနွယ်ဝင်း(ခ)ပအိုဝ့်မ (သာစည်-၂)၊ ဒေါ်ရင်ရင်မြ (စဉ့်ကူး-၁) ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဒေါ်ယဉ်ယဉ်မြင့် (လသာ-၁)၊ ဒေါ်အေးမြမြမျိုး (လသာ-၂)၊ ဒေါ်လဲ့လဲ့ဝင်း (ဗိုလ်တထောင်-၂)၊ ဒေါ်ရွှေမိုဃ်ညွန့် (ကျောက်တံတား-၁)၊ ဒေါ်မြလှစံ (ကျောက်တံတား-၂)၊ ဒေါ်စိုးပပလှိုင် (ပန်းဘဲဘန်း-၂)၊ ဒေါ်သန္တာအေး (ကော့မှူး-၁)၊ ဒေါ်နွယ်နွယ်ဝင်း (အလုံ-၂)၊ ဒေါ်နုနုထွေး (ဒဂုံ-၂)၊ ဒေါ်နီနီအောင် (ဗဟန်း-၁)၊ ဒေါ်ရီရီမြ (ဗဟန်း-၂)၊ ဒေါ်တင် တင်ဦး (ဒလ-၁)၊ ဒေါ်သက်ထားစုကြည် (မင်္ဂလာ တောင်ညွန့်-၁)၊ ဒေါ်နန်းတင်စိုး (ကျောက်တန်း-၁)၊ ဒေါ်သက်သက်မူ (ကျောက်တန်း-၂)၊ ဒေါ်အေးစန္ဒာဦး (ရန်ကင်း-၁)၊ ဒေါ်မြတ်မာလာထွန်း (လှည်းကူး-၁)၊ ဒေါ်ခင်မာလာမောင်မာင် (လှည်းကူး-၂)၊ ဒေါ်မိုးမိုးစုကြည် (မရမ်းကုန်း-၂)၊ ဒေါ်အေးအေးမာ (လမ်းမတော်-၁)၊ ဒေါ်ခိုင်မာဌေး (လှိုင်-၂)၊ ဒေါ်ဝင်းပပမြင့် (သုံးခွ-၁)၊

ဒေါ်ဥမ္မာထိုက် (တွံတေး-၁)၊ ဒေါက်တာရည်ရည်မွန် (တွံတေး-၂)၊ ဒေါ်သစ်သစ်မြင့် (တောင်ဥက္ကလာပ-၁)၊ ဒေါ်ခင်ဝေဝေ (မင်္ဂလာဒုံ-၁)၊ ဒေါ်သန္တာမိုး (မင်္ဂလာဒုံ-၂)၊ နော်လှလှစိုး(ခ)နော်စူစင်နာလှလှစိုး (ကရင်တိုင်းရင်း သား) နှင့် ဒေါ်ထုမေ ( တစ်သီးပုဂ္ဂလ) ရခိုင်တိုင်းရင်းသား တို့ဖြစ်ကြသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ဒေါ်အိသူဇာလွင် (ကြံခင်း-၁)၊ ဒေါ်ချိုချိုဝင်း (လေးမျက်နှာ-၂)၊ ဒေါက်တာ လှမြတ်သွေး (ရေကြည်-၂)၊ ဒေါ်စုစုအောင် (မြန်အောင်-၂)၊ ဒေါ်နီနီပြုံး (ဇလွန်-၁)၊ ဒေါ်ပြုံးပြုံးအေး (ဖျာပုံ-၁)၊ ဒေါ်စောစော (ဓနုဖြူ-၂)၊ ဒေါ်ခိုင်ဇင်ဦး (မြောင်းမြ-၂)၊ ဒေါ်ရီရီထွန်း (အိမ်မဲ-၁)၊ ဒေါ်ခင်မိုးဝါ (သာပေါင်း-၁)၊ ဂါ့မိုးမြတ်မြတ်သူ (ကရင်တိုင်းရင်းသား) တို့ဖြစ်ကြသည်။

 

ပြည်နယ်လွှတ်တော်

ပြည်နယ်လွှတ်တော်အတွက် ကချင်ပြည်နယ်တွင် ဒေါ်ဒေါင်နော (ချီဖွေ-၁)၊ ဒေါ်သီရီသွင် (မိုးကောင်း-၂)၊ ဒေါ်ဇာခြည်မြင့် (ဗန်းမော်-၂)၊ ဒေါ်ခေါ်မာဝူ (ဆော့လော်-၂)၊ ဒေါ်သက်ထားသူဇာခိုင်(ခ) သက်ထားနှောင်း (မိုးညှင်း-၁) နှင့် ဒေါ်မရန်ဂျာဆိုင်ခေါန် (တစ်သီးပုဂ္ဂလ) အင်ဂျန်းယန် - ၂ တို့ဖြစ်ကြသည်။ ကယားပြည်နယ်တွင် ဒေါ်အယ်ဗလင်း (ဖရူဆို-၂) ၊ ဒေါ်ခင်မာဝင်း (ရှားတော-၂) ကရင်ပြည်နယ် တွင် ဒေါ်ဖြူစင်အိ(ခ)ဒေါ်အိအိမွန် (လှိုင်းဘွဲ့-၁)၊ နန်းသူဇာ ဝင်း (ကော့ကရိတ်-၁)၊ နန်းခင်ထွေးမြင့် (ဘားအံ-၁)၊ ချင်းပြည်နယ်တွင် ဒေါ်နီရွှေလျန် (ထန်တလန်-၂) တို့ဖြစ် ကြသည်။

မွန်ပြည်နယ်တွင် ဒေါ်ခင်မျိုးမြင့် (ကျိုက်မရော-၁)၊ ဒေါ်နွယ်နွယ်အောင် (မော်လမြိုင်-၂)၊ ဒေါ်ခင်ကျော့ဖြူ (မုဒုံ-၁)၊ ဒေါ်ခိုင်ခိုင်လဲ့ (သထုံ-၁)၊ ဒေါ်မာမာခိုင် (သထုံ-၂)၊ ဒေါ်စံဝင့်ခိုင် (ပအိုဝ်းတိုင်းရင်းသား)၊ ရခိုင်ပြည်နယ်တွင် ဒေါ်ခင်မျိုးယဉ် (တောင်ကုတ်-၂)၊ ဒေါ်တင်ရီ(ခ)ဒေါ်မတောင့် (မာန်အောင်-၂) ၊ ရှမ်းပြည်နယ်တွင် နန်း အိမွန်အောင် (ကျောက်မဲ-၁)၊ နန်းခမ်း (လင်းခေး-၁)၊ နန်းဖွေးဟွမ်ဦး (မောက်မယ်-၁)၊ ဒေါ်နန်းကောင်ခမ်း (မိုင်းရှုး-၁)၊ နန်းခင်ထားရီ (သိန္ဒီ-၁)၊ နန်းမြထွေး (လွိုင်လင်-၂)၊ နန်းဥမ္မာ (ခ) နန်းမွန်းမွန်းပေါင်း (သီပေါ-၁)၊ ဒေါ်မေရီနျို့ (ဖယ်ခုံ-၁)၊ ဒေါ်ရီရီဝင်း (မိုးမိတ်-၁)၊ ဒေါ်ရီရီမင်း (လားရှိုး-၂)၊ ဒေါက်တာဒေါ်သန်းငွေ (တောင်ကြီး-၂)၊ ဒေါ်ခင်စန်းမြင့်(ခ) ယာန်ချီမီး (လီဆူးတိုင်းရင်းသား)၊ ဒေါ်မေနှင်းသက် (မိုင်းပျဉ်း-၁)၊ ဒေါ်အိုင်စောစိန် (နမ့်ခမ်း-၂) တို့ ဖြစ်ကြသည်။

 

ပါဝင်ယှဉ်ပြိုင်ရွေးကောက်တင်မြှောက်ခံရမှု

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၄၈ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၌ ၁၃၆ ဦး၊ တိုင်းဒေသကြီး နှင့်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၌ ၅၁၄ ဦး စုစုပေါင်း ၈၉၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းသို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများအနက်မှ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် ၅၃ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၂၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်တွင် ၁၁၆ ဦး စုစုပေါင်း ၁၉၄ ဦး ရွေးကောက်တင်မြှောက်ခံရသည်။ ဝင်ရောက်ယှဉ်ပြိုင် သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၆၃၉ ဦးတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၈၉၈ ဦး ရှိသဖြင့် ၁၅ ဒသမ ၉ ရာခိုင်နှုန်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။ ပါဝင်ယှဉ်ပြိုင်သူ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၈၉၈ ဦးတွင် ၁၉၄ ဦး ရွေးကောက် တင်မြှောက်ခံရသဖြင့် ၂၁ ဒသမ ၆ ရာခိုင်နှုန်း ရွေးကောက် တင်မြှောက်ခံရသည်။ ရွေးကောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၁၁၁၂ ဦးတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၉၄ ဦးရှိသဖြင့် ၁၇ ဒသမ ၄ ရာခိုင်နှုန်းပါဝင်သည်။

 

ကမ္ပည်းမော်ကွန်းတင်နိုင်ကြပါစေ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများဖြစ် ကြသော ၁၉၉၀ ပြည့်နှစ်၊ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ များတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွေးကောက်တင်မြှောက်ခံ ကြရသည်။ အချို့ ၄ ကြိမ်၊ အချို့ ၃ ကြိမ်၊ အချို့ ၂ ကြိမ် ဆက်တိုက် ရွေးကောက်တင်မြှောက်ခံကြရသူများလည်း ပါဝင်သည်။

မဲဆန္ဒရှင်ပြည်သူများက အားကိုးယုံကြည်စွာဖြင့် ဆန္ဒမဲ ပေး၍ ရွေးကောက်တင်မြှောက်ခဲ့ကြရာ ရွေးကောက်ခံ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူနှင့်နိုင်ငံတော်အကျိုးနှင့် အမျိုးသမီးများ၏အခန်း ကဏ္ဍမြှင့်တင်ရေးတို့ကို စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြခြင်းဖြင့် ကမ္ပည်းမော်ကွန်းတင်နိုင်ကြစေလိုကြောင်းပါဗျာ။

m လွှတ်တော်ကိုယ်စားလှယ်အားလုံး ပြည်သူနှင့် နိုင်ငံ့ကောင်းကျိုး စွမ်းဆောင်နိုင်ကြပါစေ၊

m မြန်မာအမျိုးသမီးများအခန်းကဏ္ဍ ပိုမိုမြှင့်တင် ပေးနိုင်ကြပါစေ၊

m မဲဆန္ဒရှင်ပြည်သူများနှင့်အစဉ်သဖြင့် နွေးထွေး ချစ်ကြည်စွာ ကိုယ်စားပြုဆောင်ရွက်နိုင်ကြပါ စေ။ ။