ချန်နိုင်းအိုးပင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ဗြိတိန်တင်းနစ်မယ် ကာတီဆွမ်း တက်လှမ်း

 

ဗြိတိန်တင်းနစ်မယ် ကာတီဆွမ်းသည် ချန်နိုင်းအိုးပင်းပြိုင်ပွဲ  ကွာတား ဖိုင်နယ်တွင်  ဂျပန်တင်းနစ်မယ်  ဟိဘိနိုကို  အနိုင်ရရှိခဲ့သောကြောင့် WTA Tour ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက် နိုင်ခဲ့ကြောင်း သိရသည်။   

 


အဆိုပါပြိုင်ပွဲတွင်  ကာတီဆွမ်းသည် ပြိုင်ဘက်ကို ၆-၃၊ ၃-၆၊ ၆-၃ ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အသက်  ၂၃  နှစ်အရွယ် ကာတီဆွမ်းသည် ဆီမီးဖိုင်နယ်တွင် ပိုလန် တင်းနစ်မယ်    မာဂ်ဒါလီနက်တီနှင့်    ယှဉ်ပြိုင်ကစားသွားရမည်ဖြစ် ကြောင်း သိရသည်။ 

 


အဆိုပါ ပိုလန်တင်းနစ်မယ်သည် ကွာတားဖိုင်နယ်တွင်  ကနေဒါ တင်းနစ်မယ်  မာရီနိုနှင့်  အကြိတ်အနယ်  ယှဉ်ပြိုင်ကစားခဲ့ပြီး   ၇-၆ (၁၂-၁၀)၊ ၆-၃ ဖြင့်  အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာနိုင် သူ ဖြစ်သည်။ 

 


ထို့အပြင် လီနက်တီသည် အသက် ၃၀ အရွယ်ရှိပြီး နိုင်ခြေအဆင့် (၃) သတ်မှတ်ခံရထားသူဖြစ်သည်။ အဆိုပါ ချန်နိုင်းအိုးပင်းပြိုင်ပွဲသည် ၂၀၀၈  ခုနှစ်နောက်ပိုင်း   အိန္ဒိယနိုင်ငံက  ပထမအဆုံးအကြိမ် ကျင်းပ သော WTA ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။ 

 


အခြားသော  ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အာဂျင်တီးနားတင်းနစ်မယ် ပိုဒေါ်ရိုစတာနှင့်  ချက်တင်းနစ်မယ်   ဖရူဗာတိုဗာတို့   ယှဉ်ပြိုင်ကစား ကြမည် ဖြစ်သည်။ 

မိုးဇက်