
ရန်ကုန် စက်တင်ဘာ ၂၉
၂၀၂၂ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ကို စက်တင်ဘာ ၂၈၊ ၂၉ ရက်က ဆက်လက်ကျင်းပရာ ဒဂုံစတား ယူနိုက်တက်နှင့် ကချင်ယူနိုက် တက်အသင်း နိုင်ပွဲကိုယ်စီရရှိခဲ့သည်။
အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဦးဆောင်နေသည့် ဒဂုံစတား ယူနိုက်တက်အသင်းသည် မောရဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဒဂုံစတားယူနိုက် တက်အသင်းသည် ယခုပွဲ အနိုင်ရလဒ်ကြောင့် ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးခါနီးတွင် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ဒဂုံစတားယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ၈၆ မိနစ် တွင် အောင်နိုင်ဦးက သွင်းယူခဲ့ သည်။ မောရဝတီအသင်းမှာမူ ပွဲပြီးခါနီးတွင် ဂိုးပေး လိုက်ရပြီး အရေးနိမ့်ခဲ့သဖြင့် နစ်နာခဲ့ရသည်။
ကချင်ယူနိုက်တက်အသင်းသည် ယောမြေ အသင်းကို ခြောက်ဂိုးပြတ်အနိုင်ရရှိကာ အမှတ်ပြည့် ရရှိခဲ့သည်။ ကချင်ယူနိုက်တက်အသင်းသည် ခြေအသာဖြင့်ကစားကာ ဂိုးဒါဇင်ဝက်ဖြင့် အနိုင်ရခဲ့ ခြင်းဖြစ်သည်။ ကချင်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင် သုံးဂိုး၊ ဒုတိယပိုင်း တွင် သုံးဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ အနိုင်ဂိုးများကို ၁၂၊ ၁၄ မိနစ်တွင် ဇော်မွန်အောင်၊ ၃၃ မိနစ်တွင် ညီညီ၊ ၅၄ မိနစ်တွင် သန်းဇော်ဟိန်း၊ ၇၃၊ ၈၀ မိနစ် တွင် အယ်လီဆီတို့က သွင်းယူခဲ့သည်။
ပွဲစဉ် (၈) နောက်ဆုံးနေ့ကို စက်တင်ဘာ ၃၀ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး Junior Lions အသင်းနှင့် တက္ကသိုလ်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MNL