တယ်လင်းအိုးပင်းပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ နာမည်ကြီး ဘင်းဆစ်၊ မာရီယာတို့ တက်ရောက်နိုင်ခဲ့

 

အက်စ်တိုးနီးယားနိုင်ငံက စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ လက်ခံကျင်းပသည့် တယ်လင်းအိုးပင်း အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ဆွစ်ဇာလန်တင်းနစ်မယ် ဘင်းဆစ်သည် ဗြိတိန်တင်းနစ်မယ် ဘော်လ်တာကို ၆-၄၊ ၆-၇ (၂-၇)၊ ၆-၃ ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ 

 


ထို့အပြင် အခြားနာမည်ကြီး ဘရာဇီးတင်းနစ်မယ် မာရီယာ က ၁၆ ဦးအဆင့်တွင် ချက်ဇ်တင်းနစ်မယ် နော့စ်ကိုဗာကို ၆-၁၊ ၇-၅ ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။   

 


ကွာတားဖိုင်နယ်တွင် ဘင်းဆစ်က ခရိုအေးရှားတင်းနစ်မယ် ဗီကစ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မာရီယာက ချက်တင်းနစ် မယ် ဘာဘိုရာနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

 

မိုးဇက် - စုစည်းသည်