
ယူအီးအက်ဖ်အေ ယူရိုပါလိဂ် အုပ်စုပွဲစဉ် (၄) မှ မန်ယူနှင့် အိုမို နီးယားအသင်းတို့ ပွဲစဉ်ကို အောက်တိုဘာ ၁၄ ရက် နံနက် ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူ အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် မန်ယူအသင်း ပြိုင်ဘက်အပေါ် ဂိုးကန်သွင်းခွင့် အသာ၊ ခြေအသာဖြင့် ပွဲချိန်တစ် လျှောက် ဖိအားပေး ကစားနိုင်ခဲ့ သည်။ ပြိုင်ဘက် အိုမိုနီးယား အသင်းက မန်ယူအသင်းဘက်သို့ ရံဖန်ရံခါသာ ထိုးဖောက်ကစားနိုင် ခဲ့ပြီး ဂိုးကန်သွင်းခွင့် စုစုပေါင်း သုံးကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။
မန်ယူအသင်းက ပြိုင်ဘက် အသင်းဘက်သို ဂိုးကန်သွင်းခွင့် ၃၄ ကြိမ်ထက်မနည်း ပြုလုပ်နိုင် ပြီး ဂိုးပေါက်တည့်မတ်မှု ၁၃ ကြိမ် ရှိခဲ့သော်လည်း ဂိုးသမား လက် စွမ်းပြ ကာကွယ်နိုင်မှုကြောင့် သွင်းဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။ အသင်းအတွက် တစ်လုံးတည်း သော အနိုင်ဂိုးကို ပွဲချိန်ပြည့်ခါနီး တွင် တွန်မီနေးက သွင်းယူပေးခဲ့ သည်။ ယခုအနိုင်ပွဲကြောင့် မန်ယူ က ရမှတ် ကိုးမှတ်ဖြင့် အုပ်စု ဒုတိယတွင် ရပ်တည်နိုင်ခဲ့သည်။
ပရီမီယာလိဂ်မှ အာဆင်နယ် က အဝေးကွင်း၌ နော်ဝေကလပ် ဘိုဒိဂလင့်ကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရသည်။
အောင်ဇော်