
အင်္ဂလန်ကွင်းလယ်ကစားသမား ဖီးလ်ဖိုဒင်သည် မန်စီးတီးအသင်း၌ ၂၀၂၇ ခုနှစ်ရှိမည်ဖြစ်သော သက်တမ်းတိုးစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။
ယခုနှစ်ရာသီ ပရီမီယာလိဂ် ကိုးပွဲတွင် ခြောက်ဂိုး အထိ သွင်းယူထားသည့် ဖိုဒင်၏ ယခင်ချုပ်ဆိုထား သော စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်တွင် ကုန်ဆုံး တော့မည် ဖြစ်သည်။
အသက် ၂၂ နှစ်အရွယ် ဖိုဒင်က မန်စီးတီး အသင်း၏ လူငယ်အကယ်ဒမီထွက် အထွန်း တောက်ဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် မန်စီးတီးအသင်းနှင့် ပွဲဦးထွက်ကစား ခဲ့သည်။
မန်စီးတီးအသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၈၂ ပွဲတွင် သွင်းဂိုးပေါင်း ၅၂ ဂိုးအထိ သွင်းယူရရှိထားသူ ဖြစ်သည်။
မန်စီးတီးအသင်းသည် ပရီမီယာလိဂ် ကိုးပွဲ ကစားပြီး ခုနစ်ပွဲ နိုင်ပွဲရရှိမှုနှင့်အတူ ရမှတ် ၂၃ မှတ် ဖြင့် ဦးဆောင်သူ အာဆင်နယ်အသင်းကို ဖိအားပေး လျက်ရှိသည်။
အောင်ဇော်