
နေပြည်တော် ဇူလိုင် ၂
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဝင်များ၊ ကျေးရွာ^ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်း များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၂၅ ရက် မှ ၂၉ ရက်အတွင်း ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ဘန့်ဘွေး ကုန်းကျေးရွာ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် အမှတ်(၇၁/၇)အနီး ဆိုင်ကယ်ငါးစီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၀ ဒသမ ၈၁၆၀ )တန်နှင့် ပြစ်မှုကျူးလွန်သူ ငါးဦး၊ မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ပဇူကြိုးဝိုင်းအကွက်(၄၄)အတွင်း ယာဉ်ပေါ်မှ တရားမဝင် လုံးပတ်သုံးပေအောက်ကျွန်းသစ် ၂ ဒသမ ၅၉၇၈ တန်နှင့် ကျူးလွန်သူ သုံးဦး၊ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ် ဘုရားကြီး-ဝေါလမ်း ရွှေသံလွင်တိုးဂိတ် အနီးတွင် ယာဉ်ပေါ်မှ တရားမဝင် ကျွန်း တံခါးချပ်ဆိုဒ်စုံ ၉၁ ချပ် (၀ ဒသမ ၇၆၇)တန်) ယာဉ်တစ်စီး၊ ကျူးလွန်သူနှစ်ဦး၊ မ္တလေးတိုင်းဒေသကြီး မ္တလေးခရိုင် ပုသိမ် ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင်(အတက်) ကားလမ်း(၁၆)မိုင် စစ်ဆေးရေးစခန်း (အတက်)စင်နေရာတွင် ယာဉ်ပေါ်မှ တရား မဝင် ပိတောက်ခွဲသား ၀ ဒသမ ၃၄၃၈၀ တန်၊ ယာဉ်တစ်စီးနှင့် ကျူးလွန်သူတစ်ဦး၊ မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ် တနိုင်း မြို့တံတားအနီး ဆင်မ်ဆာ့ရပ်ကွက်နေရာ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကြေးလံခွဲသား ၂ ဒသမ ၄၀၅၀ တန်နှင့် ကျူးလွန်သူ နှစ်ဦး အား ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင် ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ဆောင် ရွက်လျက်ရှိသည်။
ထို့အပြင် ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် နေချင်စရာကြိုးပြင်ကာကွယ် တောအတွင်း တရားမဝင်ကညင်သစ်/ခွဲသား ၅ ဒသမ ၄၆၃၆ တန်၊ ပဲခူးတိုင်းဒေသကြီး သာယာ၀တီခရိုင် သာယာ၀တီမြို့နယ် သုံးဆယ်ကြိုးဝိုင်းအကွက် (၁၀၄ ၊၁၁၂)အတွင်း တရားမဝင်ကညင်ခွဲသား ၃၁ ဒသမ ၂၇၆၂ တန်၊ ကယားပြည်နယ် ဘော်လခဲ ခရိုင် ဘော်လခဲမြို့နယ် ဖားဆောင်းသွား ကားလမ်းပေါ်မှ မော်တော်ယာဉ်နှင့်အတူ တရားမဝင် ပျဉ်းကတိုး/ပိတောက်ခွဲသား ၀ ဒသမ ၆၇၁၂ တန်နှင့် မီးသွေး ၂ ဒသမ ၄ တန်တို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး ဆက်စပ်ပတ်သက်သူများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်