ဒုက္ခသည်စခန်းအတွင်းမှ အကြမ်းဖက်သမားတို့၏ ဟက်ပီးဒေး

 

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံက ကြေညာထား သည့် ARSA အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည် စခန်းများတွင် ခြောက်နှစ်မြောက် နှစ်ပတ်လည်ပွဲများ ကျင်းပပုံ ဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံများကို လူမှုကွန်ရက်မီဒီယာများတွင် ပေါ်ပေါ်ထင်ထင် ထုတ်ပြလာခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာ လ ၉ ရက်နေ့က ကောက်စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ARSA အဖွဲ့က  “Happy Day” ဟု အမည်ပေးထားသည့် အခမ်း အနားကို ကျင်းပပြီး Facebook ၊ Twitter နှင့် Whatsapp တို့မှတစ်ဆင့် ဖြန့်ဝေခဲ့ခြင်းဖြစ်ရာ ယခင်က ဒုက္ခသည်စခန်းများ အတွင်း    လျှို့ဝှက်သိပ်သည်းစွာ    ရောနှောနေထိုင်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက       ရည်ရွယ်ချက်ရှိရှိ ခေါင်းထောင်ပြလိုက်ခြင်းအားဖြင့် နောက်ထပ်ခြေလှမ်းတစ်ခု စတင်လိုက်ခြင်းဟု ယူဆနိုင်သည်။

 


ဒုက္ခသည်စခန်းများတွင်   နေထိုင်နေကြသည့်   နေရပ်စွန့်ခွာ ခဲ့ကြသူ  ဒုက္ခသည်များကြားတွင်   အကြမ်းဖက်သမားများလည်း ကိုယ်ယောင်ဖျောက်ရောနှောနေပြီး  သာမန်ဒုက္ခသည်များကို  ဝါဒဖြန့်စည်းရုံးမှု၊ ခြိမ်းခြောက်ဖိအားပေးမှုများကို ပြီးခဲ့သည့် ကာလတစ်လျှောက်လုံးတွင် ပြုလုပ်ခဲ့ကြသည်။ အထူးသဖြင့် ဒုက္ခသည်များအား နေရပ်သို့ ပြန်လည်ပို့ဆောင်မည့် လုပ်ငန်းစဉ် နှင့်စပ်လျဉ်း၍   နှောင့်ယှက်မှု၊   ခြိမ်းခြောက်ဟန့်တားမှုများ ပြုလုပ်ပြီး  အကြောက်တရားဖြင့်   လွှမ်းမိုးချုပ်ကိုင်ထားရာ မြန်မာနိုင်ငံသို့ မိမိအစီအစဉ်ဖြင့်မိမိ ပြန်လည်ဝင်ရောက်လာသူ လူရာဂဏန်း  အနည်းငယ်ကလွဲလျှင်   မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစီအစဉ်ဖြင့်   ဒုက္ခသည်များ   နေရပ်သို့   ပြန်လည် ပို့ဆောင်ရေးမှာ ငါးနှစ်တာကာလကြာမြင့်ခဲ့သည့်တိုင် အထ မမြောက်သေးသည့် အခြေအနေတွင် ရှိနေခဲ့သည်။ ဒုက္ခသည် စခန်းအတွင်း လူသတ်မှုများအပါအဝင် အကြမ်းဖက်သမား တို့၏   ခြေရာလက်ရာများ   မကြာခဏပေါ်ထွက်လာပြီး သတင်းအချက်အလက်များ       ရရှိထားသည့်တိုင်အောင် ဒုက္ခသည်စခန်းများအတွင်း   ARSA  များ  ရှိနေသည်ဆိုခြင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မျက်စိမှိတ်ငြင်းဆိုနေခဲ့ရာ ယခုကဲ့သို့ ပေါ်ထွက်လာချိန်တွင် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည် ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။

 


၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏   စခန်းများကို  တစ်ပြိုင်တည်း  ဝင်ရောက် တိုက်ခိုက်ခြင်းမှစတင်ကာ တစ်ဖက်နိုင်ငံသို့ အစုလိုက် အပြုံ လိုက် ထွက်ပြေးခြင်းနှင့် တစ်ဖက်နိုင်ငံအတွင်း ကြီးမားသည့် ဒုက္ခသည်စခန်းတစ်ခု  ဖြစ်ပေါ်လာခြင်း၊   မြန်မာ့တပ်မတော် အပေါ် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် စွပ်စွဲချက်ပေါင်းစုံ ဖြင့် ကမ္ဘာ့အမြင်တွင် ပုံရိပ်ဆိုးများဖြစ်ပေါ်လာအောင် ဖန်တီး ခြင်းတို့မှာ ARSA အကြမ်းဖက်အဖွဲ့သာမကဘဲ နောက်ကွယ်မှ ကြိုးကိုင်မှုများ၏   ဇာတ်ညွှန်းအတိုင်းသာဖြစ်သည်။   ရခိုင် ပြည်နယ်မြောက်ပိုင်းအရေးနှင့်   စပ်လျဉ်း၍  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ အစီရင်ခံစာတင်သွင်း မည့်ရက်နှင့်  ချိန်ကိုက်၍  နယ်ခြားစောင့် ရဲကင်းစခန်း ၃၀ ကို ARSA   က   တစ်ပြိုင်တည်း    ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် ပြဿနာအသစ်တစ်ခု  ဖန်တီး၍  မြန်မာနိုင်ငံကို  နောက်ထပ် အကျပ်အတည်းတစ်ရပ်ဆီသို့ ဆွဲချသွားခဲ့ခြင်းလည်း ဖြစ်သည်။

 


မြန်မာနိုင်ငံသည်     ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ စနစ်တကျစီမံ  ဆောင်ရွက်လျက်ရှိသည်။  သို့ရာတွင်  အနှောင့် အယှက်     အဟန့်အတားများကြောင့်      ပြန်လည်လက်ခံရေး လုပ်ငန်းအစီအစဉ်များ  အထမမြောက်   မလည်ပတ်နိုင်သေး။

 

အနှောင့်အယှက်များထဲတွင် အဓိကတစ်ခုဖြစ်သည့် ARSA က ဒုက္ခသည်စခန်းအတွင်းမှနေ၍ (၆) နှစ်မြောက် အထိမ်းအမှတ် “Happy Day ” ကိုပင် ကျင်းပနေသည်။ ဒုက္ခသည်စခန်းများ အတွင်း  ရှိနေသည့် နေရပ်ပြန်လိုသူ ဒုက္ခသည်အစစ်အမှန်များ အဖို့မူ   ခြောက်နှစ်မြောက်  ဝမ်းနည်းဖွယ်အထိမ်းအမှတ်နေ့ အဖြစ်ဖြင့်      ကံကြမ္မာဖန်တီးရာသို့    လိုက်ပါကြရဦးမည် ဖြစ်ပါကြောင်း။       ။